၆.၂.၂၀၂၄
Written By Thandar

အချစ်ဟာသဇာတ်လမ်းပုံစံ “စိန်ပေါက်ပေါက်” ရုပ်ရှင်ဇာတ်ကား Red Carpet Show ကို ယနေ့ ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“လူပျိုကြီးစိန်ပေါက်ပေါက်(ခ)ကိုမြင့်မြတ်မှာ တူမနှစ်ယောက်ရှိတာပေါ့နော်။ ဦးလေးဖြစ်သူကို အရမ်းမွှေ နှောက်ရတဲ့ တူမနေရာက သရုပ်ဆောင်ထားပါတယ်။ အမှတ်တရကတော့ ဟာသကားဖြစ်လို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုက်ခဲ့ရတယ်။ ရိုက်ကွင်းပေါ်မှာ ဟာသဆိုတော့ တော်တော်လေး ရယ်ရပါတယ်။ ဒါ့ပြင်​ ပရိသတ်တွေကလည်း ဇာတ်ကားအပြီးအထိ ဝိုး ဆိုတဲ့စကားလုံးနဲ့ ဆွဲဆောင်ထားတဲ့ ဇာတ်လေးပါ”လို့ သရုပ်ဆောင် သံသာမိုးသိမ့်က ပြောပါတယ်။

ခေတ်သစ်အရုဏ်ဦး ရုပ်ရှင်ထုတ်လုပ်ရေးက ဇာတ်ညွှန်း ရာဇဝင်ကို၊ ရိုက်ကွင်းဇာတ်ညွှန်း ညာလက်တော်နဲ့ မင်းကိုစိုး(နတ်သံကွင်း) တို့က ရေးသားပြီးတော့ တွဲဖက်ဒါရိုက်တာ အိ(အရုဏ်ဦး)၊ ဒါရိုက်တာ အကယ်ဒမီ ကိုဇော်(အရုဏ်ဦး)တို့က သရုပ်ဆောင် အကယ်ဒမီမြင့်မြတ်၊ ထက်ထက်ထွန်း၊ နော်ဖောအယ်ထား၊ သံသာမိုးသိမ့်၊ ခိုင်နှင်းဝေ၊ မေပန်းချီ၊ ဆုရှိုင်း၊ ဘဲတော စတဲ့သူတွေနဲ့ရိုက်ကူး ပါဝင်ထားကြပါတယ်။

“စိန်ပေါက်ပေါက်” ရုပ်ရှင်ဇာတ်ကားကို လာမယ့် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *