၆. ၂. ၂၀၂၄
Written by Pan Ei

မလေးရှားနိုင်ငံ၊ ပီရတ်ပြည်နယ်၊ ဘီဒေါမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထိန်းသိမ်းရေးစခန်းက အမျိုးသားတွေ နေထိုင်ရာအဆောင်မှာ ဖေဖော်ဝါရီ ၁ ရက်ညက အဓိကရုဏ်းဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၁၃၁ ယောက်ရှိရာမှာ သူတို့ထဲက ၈၆ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးသွားသူတွေထဲက ၂ ဦးကတော့ ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လွတ်မြောက်သွားသူတွေထဲမှာ မြန်မာနိုင်ငံက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဘင်္ဂါလီတွေပါဝင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပြီး ဒီနေ့မနက်အစောပိုင်းက ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေး အထူးစစ်ဆင်ရေးအဖွဲ့တို့က လွတ်မြောက်နေသူ ၂၆ ဦးကို အောင်မြင်စွာဖမ်းဆီးရမိခဲ့တာကြောင့် ပြန်လည်ဖမ်းဆီးရမိခဲ့သူအရေအတွက်က ၈၆ ဦးအထိ တိုးလာခဲ့တာလည်း ဖြစ်ပါတယ်။

 

စုစုပေါင်း လူ ၆၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ၂၂ ဦးကို လူဝင်မှုကြီးကြပ်ရေးဌာနက ထိန်းသိမ်းထားကာ ကျန် ၄၃ ဦးကတော့ လွတ်မြောက်နေဆဲဖြစ်တယ်လို့ ပီရတ်ပြည်နယ် ရဲချုပ် Datuk Seri Mohd Yusri Hassan Basri က ဒီနေ့မနက်မှာ ပြောကြားခဲ့ပါတယ်။

ပီရတ်ပြည်နယ် ရဲချုပ်က ကျန်ရှိနေတဲ့ လွတ်မြောက်လာသူတွေကို ရှာဖွေရာမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။

Ref; News Straits Times

Leave a Reply

Your email address will not be published. Required fields are marked *