၆. ၂. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံတွင် အွန်လိုင်းလောင်းကစားလုပ်ငန်းမှ ရငွေများကို ငွေကြေးခဝါချမှုပြုလျက်ရှိသော GOFUG အမည်ရှိ ကွန်ရက်တစ်ခုအား အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(DSI) က စစ်ဆင်ရေး ပြုလုပ်ဖော်ထုတ်လျက်ရှိရာတွင် ဖေဖော်ဝါရီလ ၁ ရက်က ရနောင်းမြို့မှ နေရာ ၂၇ ခုကို ဝင်ရောက်စီးနင်းကာ လူ ၁၈ ဦးကိုလည်း ဖမ်းမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဆက်လက်ရရှိသောသတင်းများအရ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဝင်ရောက်စီးနင်းခဲ့သော နေရာများတွင် မြန်မာနိုင်ငံဘက်ခြမ်း သူဌေးကျွန်းရှိ သူဌေးကျွန်းဟိုတယ်ပိုင်ရှင် ဦးကျော်လွင်၏ အိမ်လည်းပါဝင်ကြောင်းနှင့် အချို့သော ပစ္စည်းဥစ္စာများကို သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။ တရားမဝင် အွန်လိုင်းလောင်းကစားမှု၊ ဓာတ်ဆီပြည်ပတင်ပို့မှု အခွန်ရှောင်တိမ်းမှုနှင့်ငွေမည်းပိုင်ဆိုင်မှုများဖြင့် ရနောင်းမြို့ရှိ ဦးကျော်လွင်၏ အိမ်ကို DSI က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

 

DSI ကသိမ်းဆည်းရမိခဲ့သော ပစ္စည်းများတွင် ဘတ်ငွေများပါရှိသော မီးခံသေတ္တာခြောက်လုံးလည်းပါဝင်ကာ အချို့သောပိုင်ဆိုင်မှုများကို ထိုအိမ်မှ ယူထုတ်သွားပြီးဖြစ်သည်ကို တွေ့ခဲ့ကြရသည်။ ဝင်ရောက် စီးနင်းချိန်၌ ဦးကျော်လွင်က အိမ်တွင်မရှိဘဲ ပြည်ပသို့ရောက်နေပြီး ၎င်း၏ ထိုင်းအမည်ကို မစ္စတာဖူး Mr Phu ဖြစ်ကြောင်းလည်း ဖော်ပြမှုရှိသည်။ မိသားစုအမည်များကိုအခြေခံကာ DSI က အနီးကပ်ဆွေမျိုးများကို လည်း စစ်ဆေးခဲ့သည်ဟု သိရသည်။

ထိုနေ့က ဖမ်းဝရမ်းမိခဲ့သူ စီးပွားရေးသမား ၁၈ ဦးမှာ ထိုင်းဘတ်ငွေ ၁၀ ဘီလျံခန့်အထိ အွန်လိုင်းမှငွေကြေးလိမ်လည်မှုများတွင် ပါဝင်နေသူများဖြစ်ပြီး ၇ ဦးဖမ်းမိထားသည်ဟုလည်း DSI က ပြောခဲ့သည်။

 

ဖေဖော်ဝါရီ ၁ ရက်တွင် DSI က GOFUG ကွန်ရက်၏ တည်နေရာများကို ဝင်ရောက်စီးနင်းခဲ့ရာ၌ ဘတ်ငွေ ၅၅ သန်း၊ ရွှေ ၃၅၀ ကီလိုဂရမ်၊ မြေပိုင်ဆိုင်မှုသဘောတူစာချုပ် ရှစ်ခုနှင့် ကွန်ဒိုမီနီယံပိုင်ဆိုင်မှု စာချုပ်များ၊ အပျော်စီးကားရှစ်စီး၊ အဆောင်ပစ္စည်း ၉၇ ခု၊ တန်ဖိုးကြီး လက်ပတ်နာရီ ၄၇ လုံး၊ သေနတ် ၁၀ လက်နှင့် တန်ဖိုးကြီး ဒီဇိုင်နာအိတ်များ၊ ဖိနပ်များနှင့် အဝတ်အထည်များ စသည့် တန်ဖိုးမြင့်ပစ္စည်းပေါင်း ၄၀၀ ကျော် ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မြန်မာပြည်ဖွား ထိုင်းမျိုးနွယ်ဝင် ဦးကျော်လွင်သည် ထိုင်းနိုင်ငံသားအဖြစ် ခံယူထားသူလည်းဖြစ်နေပြီး Sanga Kangval အမည်ဖြင့် မြန်မာနိုင်ငံ သူဌေးကျွန်းရှိ Grand Andaman ဟိုတယ်လုပ်ငန်းစု၏ ဥက္ကဋ္ဌလည်းဖြစ်ကာ သန်းဖြိုးသူကုမ္ပဏီမှာလည်း လူသိများသည့် ကုမ္ပဏီဖြစ်သည်။

Ref-The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *