MT News
၁. ၂. ၂၀၂၄

ရခိုင်ပြည်နယ်ရှိ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများအားလုံး မိုခါမုန်တိုင်းအပြီး ပုံမှန်ကျောင်းဖွင့်သည့်ရက်၏ နောက် ၁၇ ရက်အကြာတွင် အားလုံး ဖွင့်လှစ်နိုင်ခဲ့သလို ရခိုင်ပြည်နယ်သည် ကျောင်းအပ်ရာခိုင်နှုန်း အမြင့်ဆုံးထဲတွင် ပါဝင်သော်လည်း ကျောင်းအပ်နှံထားသူ ၅၇၃၀၀၀ ဦးအနက် ထက်ဝက်နီးပါးမှာ AA အဖွဲ့၏ အကြမ်းဖက်ခြိမ်းခြောက်မှုများကြောင့် ကျောင်းတက်နိုင်မှုမရှိဖြစ်နေရကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

AA သောင်းကျန်းသူအဖွဲ့အနေဖြင့် မိုခါမုန်တိုင်းအပြီး (၇)လခန့် အကြာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်၊ နံနက် ၅ နာရီတွင် ရခိုင်ပြည်နယ် နယ်ခြားစောင့် ရဲကင်းစခန်းငယ်တစ်ခုဖြစ်သည့် ဒုံးပိုက်ရဲကင်းစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီးနောက် Drone များ အသုံးပြုကာ ပလက်ဝဒေသတွင်ရှိသည့် လုံခြုံရေးစခန်း ၂ ခုနှင့် ပေါက်တောမြို့ကို ဆက်လက်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်မြေဒေသအချို့တွင် တိုက်ပွဲများ ဖော်ဆောင်လျက်ရှိသည်။

ထိုသို့ AA သောင်းကျန်းသူအဖွဲ့အနေဖြင့် ဒေသ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသည့်အတွက် အဆိုပါဒဏ်ကို ဒေသခံရခိုင်တိုင်းရင်းသား အများစုသာ အဓိကခံစားနေကြရကြောင်းနှင့် ယခုအချိန်သည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ ပညာသင်ကြားနေသည့် အချိန်ဖြစ်ရာ ရခိုင် ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စတင်ချိန်က အခြေခံပညာ ကျောင်းသားဦးရေ ၅၇၃,၀၀၀ ဦး (ငါးသိန်းခုနှစ်သောင်း သုံးထောင်) တက်ရောက်ခဲ့သော်လည်း ယခုအချိန်တွင် AA သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက် ခြိမ်းခြောက်မှုများကြောင့် အခြေခံကျောင်းများတွင် ၂၇၉,၃၉၂ ဦးသာ ကျောင်းတက်လျက်ရှိရာ ၄၈ ဒသမ ၇၆ ရာခိုင်နှုန်းကျော် ပျက်ကွက်မှုဖြစ်ခြင်းကြောင့် AA သောင်းကျန်းသူအဖွဲ့၏ဆိုးကျိုးကို ဒေသခံ တိုင်းရင်းသား ကျောင်းသားကျောင်းသူများ၏ အနာဂတ်ထိခိုက်သည်အထိ ခံစားနေကြရကြောင်း တပ်ချုပ်က ပြောကြားသည်။

ထို့ပြင် AA သောင်းကျန်းသူအဖွဲ့သည် အာဏာရရှိရေး တစ်ခုတည်းအတွက်ဖြင့် ရခိုင်တိုင်းရင်းသားများအပြင် အရွယ်မရောက်သေးသည့် ကျောင်းသားအရွယ်များကိုပါ လက်နက်နှင့် အကြောက်တရား ဖန်တီးပြီး လူသစ်စုဆောင်းခြင်းများနှင့် အခြားတိုင်းရင်းသားများအပေါ် လူမျိုးရေး မုန်းတီးမှုကို ရှေ့တန်းတင်လှုံ့ဆော်နေသည်ကိုလည်း တွေ့ရကြောင်း၊ ရခိုင်ပြည်နယ်တွင် ထာဝရငြိမ်းချမ်းရေး ဆောင်ရွက်နိုင်မှသာ ဒေသခံ နောင်လာ နောင်သားများကို ကောင်းမွန်သည့် အနာဂတ်ဘဝများ လက်ဆင့် ကမ်းနိုင်မည်ဖြစ်ပြီး ဒေသသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အတွက် တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ် အေးချမ်းအောင် ဆောင်ရွက်လျက် ရှိကြောင်း၊ ရခိုင်ဒေသရှိ ပြည်သူများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *