၃၁. ၁. ၂၀၂၄
Written by KL

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ လက်တက်ကျေးရွာ ထိုင်တော်မူဘုရားအနီးတွင် ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဘုရားဖူးယာဥ်တစ်စီး တိမ်းမှောက်ခဲ့ရာ ဘုရားဖူးလိုက်ပါလာသူ ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ -မုဒုံမြို့နယ် နိုင်လုံ အခွန်ကျေးရွာတွင် နေထိုင်သည့် လူ ၃၂ ဦးမှာ ဗျိုင်းနှစ်​ကောင်သို့ ဘုရားဖူးရန် မော်​တော်ယာဥ်ဖြင့် သွားရောက်စဥ် ထိုင်တော်မူဘုရားအနီး၌ ကားပေါ် လိုက်ပါလာသူ များပြားသဖြင့် မော်တော်ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် အသက် ၂ နှစ်မှ အသက် ၁၂ နှစ်အရွယ်က​လေး ၁၅ ဦးကျော်၊ လူကြီး ၁၀ ဦးကျော်အပါအဝင် စုစုပေါင်း ခရီးသည် ၃၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရသူတွေထဲမှာ ပေါင်ကျိုးတဲ့သူ​တွေ၊ ညှပ်ရိုးကျိုးတဲ့သူတွေ၊ ပွန်းပဲ့ပြတ်ရှဒဏ်ရာရတဲ့သူတွေရယိ သတိမေ့တဲ့သူတွေလည်းပါတယ်။ ဒဏ်ရာရသူတွေကို မော်လမြိုင်ပြည်သူ့ဆေးရုံနဲ့၊ မုဒုံပြည်သူ့ဆေးရုံတို့ကို ပို့ဆောင်ထားပါတယ်”ဟု ကယ်ဆယ်ရေးဆောင်ရွက်သူ တစ်ဦးက ပြောသည်။

အဆိုပါ ယာဥ်မတော်တဆမှုကို မြန်မာ့လူငယ်(မုဒုံ)အရေး​ပေါ်ကယ်ဆယ်ရေးအဖွဲ့၊ မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ ဇီဝိတအလင်းဖောင်ဒေးရှင်း၊ သုခမေတ္တာ (ညောင်ကုန်း)၊ တောင်ပိုင်းကွန်ရက် လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ အဖွဲ့ဝင်များက ဝိုင်းဝန်းကယ်ဆယ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *