၂၈.၁.၂၀၂၄

Written By Thandar

မြန်မာနိုင်ငံရဲ့ မြင်းစီးအားကစား ဖွံဖြိုးတိုးတက်စေဖို့ရည်ရွယ်ပြီး YECC ရဲ့ မြင်းစီးအသင်း မိသားစုတွေရဲ့စုပေါင်းမြင်းစီးပွဲကို ဒီနေ့ ဇန်နဝါရီ၂၈ ရက် မနက် ၇ နာရီက ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် (၂၉) ရပ်ကွက်ရှိ ရန်ကုန်မြင်းစီးအသင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ အနုပညာရှင်များ ပါဝင်ခဲ့ကြပါတယ်။

“မျိုးတို့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပါဝင်မြင်းစီးဖြစ်သွားတာပါ။ မြင်းစီးရတဲ့ အားကစားဝါသနာပါတယ်။ လူတွေအားလုံးရဲ့ ကျန်းမာရေးအတွက် မြင်းစီးစေချင်ပါတယ်။ မြင်းစီးရင် Focus လည်းကောင်းတယ်။ သတိလည်း ပိုရှိလာတယ်။ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပါတယ်”လို့ သရုပ်ဆောင် အကယ်ဒမီမယ်လိုဒီက ပြောပါတယ်။

အဆိုပါ အသင်းမှာ မြင်းအကောင်ရေ ၄၀ ကျော်ရှိပြီး ရန်ကုန်တိုင်း မြင်းစီးအသင်း ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက တစ်ရက်ကို နံနက် တစ်ကြိမ်နဲ့ ညနေ တစ်ကြိမ် သင်တန်းပို့ချပေးနေလျက်ရှိတာပဲဖြစ်ပါတယ်။ ဒါ့ပြင် မြင်းစီးကြတဲ့ YECC Member တွေဖြစ်တဲ့ အနုပညာရှင်တွေဖြစ်တဲ့ တေဇလင်းရောင် ၊ အကယ်ဒမီ မယ်လိုဒီ ၊ Miss Universe Myanmar 2023 အမရာဘို ၊ TV Host ဆုမွန် ၊ Miss Universe Myanmar 2013 3rd Runner Up နှင်းယမုံဦး စတဲ့သူတွေ ပါဝင်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News