၂၉. ၁၁. ၂၀၂၂

Written by Thettant

ဒေါ်လာစျေးကျဆင်းနေမှုနှင့်အတူ စက်သုံးဆီစျေးများ ကျဆင်းလာနေပြီး တစ်လီတာ ကျပ် ၂၀၀၀ အောက် ပြန်ရောက်လာခဲ့ကာ နိုဝင်ဘာ ၂၉ ရက်တွင် 92 Ron စက်သုံးဆီတစ်လီတာ ကျပ် ၁၉၀၀ သတ်မှတ်ခဲ့ကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

အောက်တိုဘာ ၂၇ ရက်တွင် 92 Ron တစ်လီတာ ၁၉၂၀ ကျပ်၊ 95 Ron တစ်လီတာ ၂၀၁၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၆၁၀ ကျပ်၊ ပရီမီယံဒီဇယ် ၂၆၉၅ ကျပ်သို့ ကျဆင်းလာခဲ့ပြီးနောက် စက်သုံးဆီစျေးများ တစ်လီတာ ကျပ် ၂၀၀၀ အထက် ပြန်လည်မြင့်တက်ခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၉ ရက်တွင် 92 Ron တစ်လီတာ ၁၉၈၅ ကျပ်၊ 95 Ron တစ်လီတာ ၂၁၀၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၅၅၅ ကျပ်၊ ပရီမီယံဒီဇယ် ၂၆၃၀ ကျပ်ထပ်မံဖြစ်ပေါ်ကာ စက်သုံးဆီစျေးများ ပြန်လည်မြင့်တက်ခဲ့ပြီး ကျပ် ၂၀၀၀ အထက်ဖြစ်ပေါ်ခဲ့ရာမှ နိုဝင်ဘာ ၂၈ ရက်တွင် 92 Ron တစ်လီတာ ၂၀၀၅ ကျပ်၊ 95 Ron တစ်လီတာ ၂၁၁၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၃၈၅ ကျပ်၊ ပရီမီယံဒီဇယ် ၂၄၆၀ ကျပ်ဖြစ်ပေါ်ပြီးနောက် ယနေ့တွင် 92 Ron တစ်လီတာ ၁၉၀၀ ကျပ်၊ 95 Ron တစ်လီတာ ၂၀၀၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၉၀ ကျပ်၊ ပရီမီယံဒီဇယ် ၂၃၆၅ ကျပ်သို့ ကျဆင်းလာခဲ့သည်။

ပြည်တွင်းစျေးကွက်အတွင်း ဒေါ်လာစျေးမှာ နိုဝင်ဘာ ၁၅ ရက်တွင် တစ်ဒေါ်လာ ကျပ် ၂၉၅၀ ခန့်ရှိခဲ့ရာမှ နိုဝင်ဘာ ၂၀ မှ စတင်ကာ တစ်ဒေါ်လာ ကျပ် ၂၈၉၀ ခန့်သို့ ကျဆင်းလာခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၂၁ ရက်မှ နိုဝင်ဘာ ၂၈ ရက်အတွင်း တစ်ဒေါ်လာ ကျပ် ၂၈၅၀ နှင့် ၂၈၇၀ ဝန်းကျင်တွင် ကြိုက်ရောင်းကြိုက်ဝယ်စျေးကွက်ဖြစ်ပေါ်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News