၁၇.၁.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး (ဒဂုံဆိပ်ကမ်း)မြို့နယ်၊ ၁၀ လမ်း(အေဘလောက်)ရှိ တိုက်တစ်လုံးတွင် ဇန်နဝါရီ ၁၆ ရက် ညနေ ၅ နာရီခွဲခန့်က ၅ လွှာပြတင်းပေါက်မှ ကလေးငယ် ၂ ဦးပြုတ်ကျခဲ့ရာ တစ်ဦးသေဆုံးပြီး ကျန်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ အသက် ၁ နှစ်အရွယ် မိန်းကလေးနှင့် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တို့မှာ ၅ လွှာအိပ်ခန်း နောက်ဖေးပြတင်းပေါက်အနီးရှိ ကုတင်ပေါ်တွင် ဆော့ကစားရာမှ နောက်ဖေးပြတင်ပေါက်မှ ပြုတ်ကျခဲ့​​ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကလေးငယ်နှစ်ဦးကို ဒေသခံလူမှုကူညီရေးအသင်းမှ မော်တော်ယာဥ်​ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရာ အသက် ၁ နှစ်အရွယ်မိန်းကလေးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး အသက် ၇ နှစ်အရွယ် ကျန်တစ်ဦးမှာလည်း ပြုတ်ကျခဲ့သော ဒဏ်ရာများကြောင့် ဇန်နဝါရီ ၁၆ ရက် ည ၉ နာရီတွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

“ကိုယ့်အိမ်မှာ ကလေးအရွယ်လေးတွေရှိရင်လည်း တိုက်အမြင့်နေသူတွေအနေနဲ့ သတိထားဂရုစိုက်ကြပါ။ ကုတင်အမြင့်နဲ့ထားရင်‌လည်း ပြတင်းပေါက်တွေကို သံပန်းလေးဖြစ်ဖြစ် တပ်ဆင်ထားတာ အန္တရာယ်ကင်းပါတယ်”ဟု ယုဇနဥယျာဥ်မြို့တော်အိမ်ရာတွင် နေထိုင်သူတစ်ဦးက ​ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *