၂၈.၁၁.၂၀၂၂
Written By A Thaung

ပြည်တွင်းစားသုံးနေသည့် စားအုန်းဆီဈေးနှုန်း ဆက်တိုက်ကျဆင်းလာပြီး စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက တစ်ပိဿာလျှင် ၄၄၂၅ ကျပ်နှုန်းသတ်မှတ်ထားကြောင်း ယနေ့တွင်ထုတ်ပြန်ကြေညာသည်။

အမေရိကန်ဒေါ်လာဈေးနှုန်း တည်ငြိမ်ခဲ့ပြီးနောက် ယခုလအတွင်း မြန်မာငွေဈေးပြန်မာလာပြီး စားအုန်းဆီဈေးနှုန်းဆက်တိုက်ကျဆင်းလာခဲ့ကာ ပြင်ပဈေးကွက်တွင် အရောင်းအဝယ်အေးနေကြောင်း စားအုန်းဆီ လက်လီလက်ကားရောင်းချနေသည့် ဘုရင့်နောင်စားအုန်းဆီဒိုင်မှ လုပ်ငန်းရှင်တစ်ဦးကပြောသည်။

“နယ်အဝယ်လည်းပါးနေတယ်။ ဈေးကလည်းဆက်တိုက်ကျနေတယ်။ နောက်ပိုင်းထပ်ကျမယ့် လက္ခဏာတော့ရှိတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စားအုန်းဆီတစ်ပိဿာ ကျပ်တစ်သောင်းဝန်းကျင်အထိ ဈေးမြင့်တက်ခဲ့ပြီး ပြည်တွင်းသို စားအုန်းဆီတင်သွင်းဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီတစ်ခုမှ လိုသလောက်ရရှိအောင် ရောင်းချပေးပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ ဈေးကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့စားအုန်းဆီဈေးကွက်တွင် ကန်ချဈေး တစ်ပိဿာ ၅၁၀၀ ဝန်းကျင်ရှိနေပြီး လက်ကားဈေး တစ်ပိဿာ ၅၅၀၀ ဝန်းကျင်ရှိကာ ပြင်ပ လက်ကားဈေးကွက်တွင် တစ်ပိဿာလျှင် ကျပ် ၆၀၀၀ ဝန်းကျင်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News