၁၆. ၁. ၂၀၂၄
Written by KL

မန္တလေးတိုင်းဒသကြီး ပြင်ဦးလွင်မြို့၊ နောင်ခမ်းကြီး၊ရပ်ကွက်ကြီး (၂၀)၌ ယနေ့ ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက လင်မယားချင်း စကားများရာမှ အသက် ၁၈ နှစ်အရွယ်ခန့် ဇနီးဖြစ်သူ လည်ပင်းဓားထိုးခံရကြောင်း သိရသည်။

ဓားထိုးခံရသူ အမျိုးသမီးတွင် လည်ပင်းနှင့် မေးဖျားတို့၌ ထိခိုက်ဒဏ်ရာရရှိပြီး အသက်အန္တရာယ် စိုးရိမ်ရသဖြင့် သန္တိသုခလူမှုကူညီရေးအသင်းမှ အသင်းဝင် ၅ ဦး​က လူနာတင်ယာဥ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံသို့ အချိန်မီ ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။

“လင်မယားချင်း လူမှု​ရေးကိစ္စနဲ့ပဲ စကားများပြီး ဓားနဲ့ထိုးတာ။ ကျုးလွန်တဲ့သူက ထွက်မပြေးဘူး။ ရေတွင်းထဲခုန်ချတာ။ ​ရေတွင်းထဲမှာပဲ ရဲကဖမ်းမိ ထားပါတယ်”ဟု ပြင်ဦးလွင်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ဓားထိုးမှုနှင့်ပတ်သက်၍ ကျုးလွန်သည့် ခင်ပွန်းဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *