◾အမြန်လမ်းတွင်မူ ဒဏ်ရာရမှုနှင့် သေဆုံးမှုနှုန်း မြင့်တက်နေ

MT News

၁၄. ၁. ၂၀၂၄

၂၀၂၂ ခုနှစ်အတွင်းမှာ ယာဥ်တိုက်မှုဖြစ်စဥ်က ၅၆၃၁ ကြိမ်ရှိပြီး ဒဏ်ရာရသူ ၇၈၅၃ ဦးနဲ့ လူသေဆုံးမှုက ၂၇၉၅ ဦးအထိရှိပေမဲ့လည်း ၂၀၂၃ ခုနှစ်အတွင်းမှာတော့ ယာဥ်တိုက်မှုက ၄၇၇၂ ကြိမ်သာရှိသလို ဒဏ်ရာရမှုကလည်း ၆၅၈၃ ဦးသာရှိတဲ့အပြင် သေဆုံးသူကလည်း ၂၄၂၂ ဦးပဲရှိတာကြောင့် ၂၀၂၃ ခုနှစ်မှာ ယာဥ်တိုက်မှု၊ ဒဏ်ရာရမှု၊ သေဆုံးမှုနှုန်းတွေ လျော့ကျခဲ့တာ တွေ့ရပါတယ်။

ဒါပေမဲ့လည်း အမြန်လမ်းမှာတော့ ၂၀၂၂ ခုနှစ်အတွင်းမှာ ယာဥ်တိုက်မှုဖြစ်စဥ်က ၁၆၉ ကြိမ်ရှိပြီး ဒဏ်ရာရသူ ၂၆၃ ဦးနဲ့ လူသေဆုံးမှုက ၇၄ ဦးသာရှိပေမဲ့လည်း ၂၀၂၃ ခုနှစ်အတွင်းမှာတော့ ယာဥ်တိုက်မှုက ၁၆၃ ကြိမ်နဲ့ ၆ ကြိမ်လျော့ကျလာပေမဲ့ ဒဏ်ရာရမှုက ၃၂၆ ဦးနဲ့ သေဆုံးသူကလည်း ၈၅ ဦးအထိရှိလာတာကြောင့် ၂၀၂၃ ခုနှစ်မှာ အမြန်လမ်းပေါ်က ဒဏ်ရာရမှု၊ သေဆုံးမှုနှုန်းတွေ မြင့်တက်လာတာကို တွေ့ရပါတယ်။

ယာဥ်တိုက်မှုဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး လူသေဆုံးမှုနှုန်း သိသိသာသာလျော့ကျတဲ့ တိုင်းဒေသကြီးတွေက ကရင်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီ စတဲ့ တိုင်းနဲ့ပြည်နယ်တွေဖြစ်ပြီး ရန်ကုန်တိုင်းကတော့ ၂၀၂၂ ခုနှစ်မှာ ယာဥ်တိုက်မှု ၉၀၄ မှုကနေ လူသေဆုံးမှု ၄၂၅ ဦးသာရှိပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ ယာဥ်တိုက်မှု ၈၄၇ မှုကနေ လူသေဆုံးမှု ၄၂၆ ဦးအထိမြင့်တက်ခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်ကလည်း ၂၀၂၂ ခုနှစ်မှာ ယာဥ်တိုက်မှု ၅၃၇ မှုကနေ လူသေဆုံးမှု ၃၁၄ ဦးသာရှိပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ ယာဥ်တိုက်မှု ၄၆၂ မှုအထိလျော့ကျသော်ငြား လူသေဆုံးမှုကတော့ ၃၂၉ ဦးအထိမြင့်တက်လာတာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *