၁၄. ၁. ၂၀၂၄

Written by Nay Aung

ထိုင်းရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၁၃ ရက်နေ့က ကန်ချာနာဘူရီပြည်နယ် ဆောင်ခလာဘူရီဒေသရှိ စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံသားသုံးဦးကို မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။

ဆောင်ခလာဘူရီ ဒေသ ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ ရဲမှူးကြီး Saengphet Homsombat ဦးဆောင်သော ထိုင်းရဲတပ်ဖွဲ့ထံ မူးယစ်ဆေးဝါးများကို မှောင်ခိုတင်သွင်းရန် ကြိုးပမ်းနေသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် ပိတ်ဆို့ စစ်ဆေးရှာဖွေခဲ့ရာ မြန်မာနိုင်ငံသားသုံးဦးကို စိတ်ကြွဆေးပြား ၂၀၀၀၀ ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြန်မာလူငယ်သုံးဦးသည် Honda Wave 110i အမျိုးအစား ဆိုင်ကယ်စီးကာ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းရန် ကြိုးပမ်းခဲ့ကြောင်း၊ ၎င်းတို့ကို တားဆီးစစ်ဆေးချိန်အတွင်း သောင်းနှင့်ချီသော စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။

ထိုင်းရဲတပ်ဖွဲ့သည် အသက် ၂၂ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦး၊ အသက် ၂၀အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးနှင့် အသက် ၃၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့သည် ဖမ်းဆီးရမိသော မြန်မာလူငယ်သုံးဦးကို ရဲစခန်းတွင် အသေးစိတ်စစ်ဆေးနေဆဲဖြစ်ပြီး စစ်ဆေးပြီးချိန်တွင် မူးယစ်ဆေးဝါးမှုဖြင့် စွဲချက်တင်သွားဖွယ်ရှိနေကြောင်း ထိုင်းသတင်းများကဖော်ပြထားသည်။

Ref naewna

Leave a Reply

Your email address will not be published. Required fields are marked *

Related News