၁၅. ၁. ၂၀၂၃
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့၊ ကလော – မိတ္ထီလာ သွားလမ်း ဝက်ဖြူရေအောက်ဖက် မဂွေဘုန်းကြီး ကျောင်းအနီးတွင် ဇန်နဝါရီ ၁၄ ရက် ည ၉ နာရီခန့်က ကန်တာမော်တော်ယာဥ်တစ်စီး ပေ ၃၀ ခန့်နက်သော ချောက်ထဲကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဥ်မောင်းတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ အဆိုပါလမ်းပိုင်းတွင် ကန်တာမော်တော်ယာဥ်ကို ယာဥ်မောင်းနှင့် စပယ်ယာတစ်ဦးတို့ မောင်းနှင်လာစဥ် ကားဘရိတ်ပေါက်ကာ လမ်းဘေးရှိ ပေ ၃၀ ခန့်နက်သော ချောက်ထဲသို့ ထိုးကျတိုက်မှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိမ်းမှောက်မှုကြောင့် ယာဥ်မောင်းမှာ ကားခေါင်းခန်းထဲတွင် ညပ်နေခဲ့ရာ ပြည်သူများက ကရိန်းကားဖြင့် ဇန်နဝါရီ ၁၅ ရက် နံနက် ၃ နာရီတွင် ဝိုင်းဝန်းမတင်ကာ ကူညီခဲ့သော်လည်း သေဆုံးခဲ့သဖြင့် ကလောမြို့နယ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း နာရေးကူညီမှုအသင်း (အောင်ပန်း)ထံမှ သိရသည်။

သေဆုံးသူယာဥ်မောင်းမှာ အောင်ပန်းမြို့ ဇောတိရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။ ထိုယာဥ်တိမ်းမှောက်မှုတွင် ယာဥ်မောင်းသေဆုံးသည့်အပြင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ယာဥ်အကူကို ကလောမြို့ရှိ လူမှုရေးအဖွဲ့ဝင်များနှင့်ပူးပေါင်းကာ ကလောမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *