၁၅. ၁. ၂၀၂၄
Written by Pan Ei

ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင်ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အကုန်က ထိုင်းနိုင်ငံသားတစ်ဦးရဲ့ သတင်းပေးမှုကြောင့် ဖူးခက်ခရိုင်၊ ဝတ်ချစ်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို စစ်ဆေးခဲ့ရာမှာ တရားမဝင်မြန်မာအလုပ်သမား ၂၀ ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းအခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား အယောက် ၂၀ ထဲက ၁၃ ဦးဟာ အမျိုးသားတွေဖြစ်ကာ ကျန် ၇ ဦးကတော့အမျိုးသမီးတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဖမ်းဆီးခံရသူတွေကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံတွင်းကို ဝင်ရောက်မှုနဲ့ တရားစွဲဆိုဖို့ ဝတ်ချစ်ရဲစခန်းကို ခေါ်ဆောင်သွားခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပြီး တာဝန်ရှိသူတွေက ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Ref; The Phuket Express

Leave a Reply

Your email address will not be published. Required fields are marked *

Related News