၁၅. ၁. ၂၀၂၄
Written by Thettant

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ယာဉ် ၁ စီး ပက်လက်လန်တိမ်းမှောက်မှုဖြစ်ပွား၍ ယာဉ်ပေါ်ပါ အမျိုးသားထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါဖြစ်စဥ်မှာ ယနေ့ ဇန်နဝါရီ ၁၅ ရက် ရုံးသွားလာချိန် နံနက် ၈ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ လူနာတင်ယာဉ် ၁ စီး၊ မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုမှာ ယာဥ်အသွားအလာများသည့် လမ်းမကြီးနှင့် မီးပွိုင့်ထောင့်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်၍ ယာဥ်ကြောပိတ်ဆို့မှုများ နှစ်နာရီခန့်ကြာဖြစ်ပွားခဲ့သလို ယာဥ်မောင်းအမျိုးသားလည်း မစိုးရိမ်ရဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

“ကားက​တော့ Honda CRV ထင်တယ်။ ကမ္ဘာအေးဘုရားလမ်း ဇမ္ဗူသီရိနားမှာဖြစ်သွားတာ။ ထင်တာကတော့ မနက် ၈ နာရီလောက်ဆိုတော့ ကားရှင်းတဲ့အချိန် မီးပွိုင့်လွှတ်ချိန် အရှိန်မြှင့်မောင်းရာက ပက်လက်လန်မှောက်သွားပုံပဲ။ အဲဒီနားတင်ကားပိတ်နေတာ တစ်နာရီကျော်လောက်ကြာသွားတယ်” ဟု အဆိုပါဖြစ်စဥ်ကို မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *