MT News

၁၃. ၁. ၂၀၂၄

တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၄၅၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီ ၁၁ ရက် နံနက် ၁၁ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ ဝှေလေလန်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် အိုက်ရီ မောင်းနှင်ပြီး အိုက်တစ် လိုက်ပါလာသည့် Toyota Crown အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး(အက်တက်စီ)ဆေးပြား ၁၁၂၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၅၀၀)၊ လက်ကိုင်ဖုန်း ၂ လုံး၊ ပစ္စတိုသေနတ် ၄ လက်၊ ၎င်းကျည် ၇၀ တောင့်၊ ကျည်အိမ် ၄ ခု၊ ဒီတိုနေတာ ၆၀ ချောင်းနှင့် ယမ်းပျော့ ၄၀ ချောင်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်လာသူ အိုက်ရီ(၂၉)နှစ်နှင့် အိုက်တစ်(၂၇)နှစ်တို့အား ၀မ်ပုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်းနှင့် တခြားပြစ်မှုဆိုင်ရာဥပဒေများအရ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *