၁၁.၁.၂၀၂၄

Written by KL

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ မြမာလာကျေးရွာ၊ မဟာစည်ဘုန်းကြီးကျောင်းလမ်းတွင် ဇန်နဝါရီ ၁၀ ရက် ညပိုင်းက နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ အသက် ၇၄ နှစ်အရွယ် အဘိုးအိုတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုမှာ အိပ်ယာဘေး၌ ဖယောင်းတိုင် မီးထွန်းရာမှ အဘိုးအို ဝတ်ထားသည့် ပုဆိုးကို မီးကူးစက်ကာ စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ သိရသည်။

အဘိုးအိုမှာ ​​နေအိမ်တွင် တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး လေဖြတ်နေသူလည်း ဖြစ်ကြောင်း သိရသည်။

နေအိမ်မီးလောင်ပြီး လူသေဆုံးမှုနှင့်ပတ်သက်၍ သေဆုံးသူကို ပုဒ်မ ၂၈၅/၃၀၄-က ဖြင့် ကျိုက္ခမီနယ်မြေရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *