၁၂.၁.၂၀၂၄

Written by Hey Mar

ဘရိတ်နဲ့ လီဗာ မှားနင်းမိတဲ့ယာဥ်တစ်စီးက မော်လမြိုင်မြို့ အပေါ်ဈေးအပေါက်ဝရှိ ဈေးဆိုင်တွေကို ဝင်တိုက်ခဲ့တာကြောင့် စျေးသည်နဲ့ စျေးဝယ် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့​တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က ဇန်နဝါရီ ၁၁ ရက် နံနက် ၁၁ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး စျေးဆိုင်တချို့က ပစ္စည်းတွေလည်း ပျက်စီးခဲ့ကာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေကို ရာမညအရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့က သူနာတင်ယာဥ်နဲ့ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ကူညီပေးခဲ့​တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-ရာမညအရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *