၁၁. ၁. ၂၀၂၄
Written by Hey Mar

နေအိမ်မှာ အမျိုးသမီး ၄ ဦးဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ဖြစ်စဥ် ဒီကနေ့မနက်အစောပိုင်းက မန္တလေးတိုင်းဒေသကြီးဝမ်းတွင်းမြို့နယ်မှာဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ ကနဦး သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ဇန်နဝါရီ ၁၁ ရက် နံနက် ၆ နာရီဝန်းကျင်မှာ သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ တာဝန်သိပြည်သူတွေက အကြောင်း ကြားတဲ့အတွက် ဝမ်းတွင်းမြို့၊ အမှတ်(၃)ဗဟိုရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ဝင်ရောက် စစ်ဆေးရာက ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးအလောင်း(၄)လောင်းကို တွေ့ရှိပြီး နယ်မြေခံရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ သန္တိသုခလူမှုကူညိီရေးအသင်းကို ဆက်သွယ်စီစဥ် ညွှန်ကြားတာကြောင့် ရုပ်အလောင်းတွေကို ဝမ်းတွင်းမြို့ပြည်သူဆေးရုံရင်ခွဲရုံကို ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။

 

“ဖြစ်စဥ်လည်း သေချာမသိပါဘူး။ ရဲက ရုပ်အလောင်းသယ်ဖို့ ညွှန်ကြားလာလို့ အလောင်းတွေကိုဆေးရုံရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့တာပဲ ရှိပါတယ်ါ အသတ်ခံရတာဖြစ်ပြီး ကျူးလွန်သူကအခင်းဖြစ်အိမ်က အလုပ်သမားလို့ပဲအကြမ်းဖျင်းသိရ
ပါတယ်”လို့ သန္တိသုခလူမှုကူညီရေးအသင်းတာဝန်ရှိသူထံ ကနဦး ဆက်သွယ်မေးမြန်းချက်အရ သိပါတယ်။

လက်ရှိအချိန်မှာတော့ MT News သတင်းဌာနအနေနဲ့ ဒီလူသတ်မှုဖြစ်စဥ်နဲ့ပတ်သက်လို့ ဆက်လက်စုံစမ်းနေပြီး အသေးစိတ်သိလာရတာတွေ ဆက်လက်​ဖော်ပါပေးပါ့မယ်။

ဓာတ်ပုံ _ သန္တိသုခ လူမှု့ကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *