၁၁. ၁. ၂၀၂၄
Written by Thettant

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် ခုနစ်ထပ်ဆောင် တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၈ ခုနှစ်၊ မေလ ၂၇ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ အချော သပ်လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ရန်ကုန် ပြည်သူ့ဆေးရုံသစ်ကြီးသည် ကုတင် (၄၀၀) ဆံ့ ဆေးရုံကြီးဖြစ်ပြီး ပြီးစီးသွားပါက ရန်ကုန်တိုင်းဒေသကြီးတွင်သာမက အနယ်နယ်အရပ်ရပ်မှ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အကုန်အကျသက်သာစွာဖြင့် ဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်ကာ ပြည်သူများ အားကိုးအားထားရသည့် ဆေးရုံကြီး ဖြစ်လာမည်ဖြစ်သည်။

အဆိုပါ ဆေးရုံသစ်ကြီးတွင် ဓာတ်မှန်ခန်း (၆) ခန်းနှင့် ကွန်ပျူတာဓာတ်မှန်ခန်း (၂) ခန်း ပါဝင်သော အဆောင်များ၊ ဓာတ်ခွဲခန်းများ ပါဝင်သော အဆောင်များ၊ ဖျားနာကုသဆောင်များ၊ သွေး‌ရောဂါ ကုသဆောင်များ၊ရိုးတွင်းခြင်ဆီ အစားထိုးကုသဆောင်များ၊ အမျိုးသား၊ အမျိုးသမီး လူနာဆောင်များ၊သီးသန့်လူနာခန်းများ ပါဝင်သော အဆောင်များ၊ တာဝန်ကျ ဆရာဝန်၊ ဆရာမများ၊ သူနာပြုများ နားနေခန်းများ ပါဝင်သော အဆောင်များနှင့် အခြား အထွေထွေရောဂါများ ကုသသည့်အဆောင်များ ပါဝင်သည်။

အဆိုပါ လသာမြို့နယ်ရှိ ရန်ကုန်ဆေးရုံသစ်ကြီးကို အဆောက်အဦ ဦးစီးဌာန အဆောက်အဦ အထူးအဖွဲ့ (၁) က တာဝန်ယူ တည်ဆောက်လျှက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *