၁၁. ၁ .၂၀၂၄
Written by Hey Mar

အရွယ်ကောင်း လူငယ် အမျိုးသားတစ်ဦး ၈ ထပ်တိုက်ပေါ်ကနေခုန်ချပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ ဖြစ်စဥ် ဇန်နဝါရီ ၁၀ ရက် ည သန်းခေါင်အချိန်က မြောက်ဒဂုံမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဝန်းရံမှူးလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်၊ ဗိုလ်မင်းရောင်အိမ်ရာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ဝရံတာမှာ ၎င်းစီးတဲ့ ဖိနပ် ချွတ်ထားခဲ့ကာ ခုန်ချတယ်လို့ ယူဆရကြောင်းနဲ့ ရရှိတဲ့ ဒဏ်ရာတွေနဲ့ နေရာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဘာပြဿနာတွေရှိလို အခုလို လုပ်တယ်တော့ မသိရဘူး ၊ အသက်က ၄၂ လို့ သိရတယ် အဲ့သည့်အိမ်ရာမှာပဲ နေတဲ့ တက္ကစီမောင်းတဲ့သူပါ။ ဇနီးနဲ့ ကလေးငယ် ကျန်ခဲ့တယ်” လို့ ဝန်းရံမှူး လူမှုကူညီရေးအသင်း ဥက္ကဌက MT News ကို ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို ရဲလုပ်ငန်းစဥ်တွေအပြီးမှာ ဝန်းရံမှူးလူမှုကူညီရေးအသင်းပိုင်ယာဥ်နဲ့ မြောက်ဥက္ကလာပဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ဝန်းရံမှူး လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *