MT News

ပြည်တွင်းစားသုံးဆီလုပ်ငန်းများအား ဆီစက်ချေးငွေ ထုတ်ချေးပေးမည်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဆီစက်လုပ်ငန်းများ၏ ချေးငွေလိုအပ်ချက်ကို လေ့လာသုံးသပ် တင်ပြရေးအဖွဲ့က ကြေညာထားသည်။

ပြည်တွင်းစားသုံးဆီဖူလုံစေရန်၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျော့ချနိုင်စေရန်နှင့် အရည်အသွေးမီ စားသုံးဆီများထုတ်လုပ်ရန်ရည်ရွယ်၍ ပြည်တွင်းဆီစက်များကို တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ တည်ဆောက်ခြင်းတို့အတွက် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် မြန်မာနိုင်ငံသားပုဂ္ဂလိကလုပ်ငန်းရှင်များအား ဆီစက်ချေးငွေပေးအပ်သွားမည်ဖြစ်သည်။

ဆီစက်ချေးငွေရယူလိုသော လုပ်ငန်းရှင်များအနေဖြင့် ဆီစက်ချေးငွေ အဆိုပြုလွှာပုံစံအား စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန Website https://msmewebportal.gov.mm/latest-news/185 နှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ Website https://www.moali.gov.mm/my/tender/2022-11-25t1011090630 တို့တွင် အခမဲ့ Download ရယူနိုင်ပြီး ဒီဇင်ဘာ ၂၇ ရက်အမီ ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *