PDF များက မတုတ်မလက်ဖက်ဆိုင်မှ မဟန်နွေဦးအား ဖမ်းဆီးသွားသည့် မြင်ကွင်း

၂၈. ၁၁. ၂၀၂၂
Written by Min Mahar

ပခုက္ကူမြို့နယ်မှ PDF များက နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် အမျိုးသမီးတစ်ဦးအား ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွှေ ၇ ကျပ်သား၊ ကျပ်သိန်း ၂၀ နှင့် ဖုန်းတစ်လုံးပါ လုယက်ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ၂၇ ရက် နံနက် ၁၀နာရီ ၃၀ မိနစ်ခန့်က မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွဲတဲအုပ်စု၊ ကျွဲတဲကမ်းနားကျေးရွာ (ပခုက္ကူမြို့နှင့် ငါးမိုင်အကွာ) တွင်နေထိုင်သူ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်တွင်ရှိနေစဉ် အမည်မသိအမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို သေနတ်များကိုင်ဆောင်ကာ ဆိုင်ကယ် ၂ စီးဖြင့်ရောက်လာပြီး “ဒလန်အိမ်က ဒီအိမ်ပဲ”ဟုဆိုကာ အိမ်ထဲတွင်ရှိနေသော အဆိုပါအမျိုးသမီးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“ရွာထဲကို အမည်မသိ လူငယ်ယောက်ကျားလေး ၃ ယောက်နဲ့ မိန်းကလေး ၁ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ရောက်လာပြီး အဲဒီအိမ်က ဒလန်အိမ်ပဲလို့ပြောကာ အိမ်အတွင်းထဲဝင်သွားပြီး အထဲမှာရှိနေတဲ့ အိမ်ရှင်အမျိုးသမီးကို ခေါ်သွားကြတယ်။ ယောင်္ကျားတွေလက်ထဲမှာလည်း သေနတ်အတိုတွေ ကိုင်ထားကြတယ်။ ရွှေနဲ့ငွေတွေလည်း တော်တော်ပါသွားတယ်လို့ ကြားတယ်။ အခုတော့ သူ့အမျိုးသားက သက်ဆိုင်ရာကို တိုင်ထားတယ်လို ပြောတယ်”ဟု ဖမ်းဆီးခံရသူနှင့် အမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

၎င်းသေနတ်သမားများသည် ရွှေ ၇ ကျပ်သား၊ ငွေသိန်း ၂၀ ကျပ်၊ OPPO အမျိုးအစားဖုန်းတစ်လုံးတို့ပါ ယူဆောင်သွားပြီး ရွှေတန်းတစ်ကျေးရွာမှတစ်ဆင့် အရှေ့ဘက်ရေစကြိုမြိုနယ်ဘက်သို့ ထွက်ခွာသွားကြကြောင်း သိရသည်။

အဆိုပါဖမ်းဆီးခံရသူ၏ အမျိုးသားသည် ပခုက္ကူမြို့မရဲစခန်းသို့ တိုင်ကြားပြီး အမှုဖွင့်ထားသဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ သွားရောက်စစ်ဆေးခဲ့ပြီး ဖမ်းဆီခေါ်ဆောင်သွားသူများကို ပြန်လည်ဖမ်းဆီးရမိရေးအတွက် လမ်းကြောင်းများအား ပိတ်ဆို့စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ပခုက္ကူမြို့တွင် နိုဝင်ဘာ ၁၀ ရက်ကလည်း မတုတ်မ လက်ဖက်ဆိုင်မှ တပ်မတော်အရာရှိတစ်ဦး၏ ဇနီး မဟန်နွေဦးကို PDF အဖွဲ့သစ်တစ်ဖွဲ့က ဖမ်းဆီးသွားခဲ့မှု ဖြစ်ပွားခဲ့ပြီး ထိုစဥ်ကမူ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့ချင်းလိုက်လံကယ်တင်နိုင်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *