၇. ၁. ၂၀၂၄

Written by Nay Aung

၂၀၂၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့် လာအိုနိုင်ငံသည် မြန်မာ့နိုင်ငံရေး အငြင်း ပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် ဝါရင့်သံတမန်တစ်ဦးကို မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်လိုက်ကြောင်း အာဆီယံသံတမန်ရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူများကပြောသည်။

လာအိုနိုင်ငံသည် ဇန်နဝါရီလနောက်ပိုင်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမှု မတိုင်ခင်မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ လာအိုနိုင်ငံသည် လာအိုဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူ Alounkeo Kittikhoun ကို မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများကို သတင်းပေးပို့ခဲ့ပြီး ၎င်းသည် ဇန်နဝါရီ ၁ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တာဝန်များကို စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပချိန်ကာလအတွင်း ကုလသမဂ္ဂဆိုင်ရာ လာအိုသံအမတ်ကြီးအဖြစ်တာဝန်ယူခဲ့ဖူးသူ Alounkeo Kittikhoun ကို မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ခြင်းအား တရားဝင် ကြေညာသွားဖွယ်ရှိနေသည်။

Alounkeo Kittikhoun သည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖြစ်တာဝန်ယူချိန်အတွင်း အာဆီယံသဘောတူညီချက်ငါးချက်ကိုအပြည့် အဝအကောင်ထည်ဖော်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထိုင်းသံတမန်တစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။ လာအိုနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ဖူးသည့် ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားတို့ ရရှိခဲ့သောသဘောတူညီချက်များကို အခြေခံကာ ထပ်မံလုပ်ဆောင်သွားရဖွယ်ရှိနေသည်။ လာအိုနိုင်ငံသည်အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်း မြန်မာနိုင်ငံနှင့်ပတ်သက်ပြီးအားလုံးပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်နိုင်ရန် ကူညီဆောင်ရွက်ပေးရဖွယ်ရှိနေကြောင်း သိရသည်။

Ref thailpbs

Leave a Reply

Your email address will not be published. Required fields are marked *