၇. ၁. ၂၀၂၄

Written by Nay Aung

မြန်မာအစိုးရအနေဖြင့် ကရင်ပြည်နယ် မြဝတီမြို့ရှိ အွန်လိုင်းအသုံးပြုကာလိမ်လည်နေသော ဂိုဏ်းများလက်ထဲတွင် သားကောင်ဖြစ်နေရသည့် သီရိလင်္ကာနိုင်ငံသား အနည်းဆုံး ၅၆ ဦးကို ပြန်ကယ်တင်ပေးရန် သဘောတူညီခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး Janaka Bandara က ထုတ်ဖော်ပြောဆိုလိုက်သည်။

သီရိလင်္ကာအစိုးရသည် မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုကျူးလွန်နေသည့် ဂိုဏ်းများလက်ထဲတွင် သားကောင်ဖြစ်နေရသည့် သီရိလင်္ကာနိုင်ငံသားများကို ပြန်လည်ကယ်တင်နိုင်ရန်အတွက် ပြီးခဲ့သောလတည်းက စတင်ကြိုးပမ်းခဲ့ပြီး ဇန်နဝါရီလအစောပိုင်းတွင် သီရိလင်္ကာသံအမတ်ကြီးသည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေအပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ဆွေးနွေးပြီးနောက် မြဝတီမြို့ရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်နေသည့် ဂိုဏ်းများလက်ထဲတွင် သားကောင်ဖြစ်နေရသည့် သီရိလင်္ကာနိုင်ငံသား ၅၆ ဦးကို အမြန်ဆုံး ပြန်ကယ်တင်ပေးရန် မြန်မာအစိုးရဘက်က သဘောတူညီခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီးက ပြောသည်။

သီရိလင်္ကာနိုင်ငံသားများသည် မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်နေသည့် ဂိုဏ်းများလက်ထဲတွင် သားကောင်ဖြစ်ခဲ့ရပြီး ပြီးခဲ့သော ၂၀၂၂ ခုနှစ် နောက်ပိုင်းတည်းက သီရိလင်္ကာလူငယ်များ မြန်မာနိုင်ငံရှိအွန်လိုင်းမှတစ်ဆင့်ရာဇဝတ်မှုကျူးလွန်နေသည့် ဂိုဏ်းများလက်ထဲသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ် နှင့် ၂၀၂၃ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာလိမ်လည်မှုကျူးလွန်နေသော ဂိုဏ်းများလက်ထဲတွင် သားကောင်ဖြစ်ခဲ့ရသော သီရိလင်္ကာနိုင်ငံသားအနည်းဆုံး ၃၂ ဦးကို ပြန်ကယ်တင်နိုင်ခဲ့ဖူးကြောင်း သိရသည်။

Ref, colombotimes

Leave a Reply

Your email address will not be published. Required fields are marked *