MT News
၉. ၁. ၂၀၂၄

ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၆၅၄၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)များနှင့် ခြောက်လုံးပြူးသေနတ် ၁ လက် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီ ၆ ရက် နံနက် ၈ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မိုင်းပျဉ်းမြို့ဘက်မှ ကာလိမြို့ဘက်သို့ မျိုးသက်ကို မောင်းနှင်လာသည့် PROBOX အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး (Happy Water)အလေးချိန် ၅ ဒသမ ၉၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၅၄၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ နေ့လယ် ၂ နာရီ ၁၅ မိနစ် အချိန်တွင် အဆိုပါ စိတ်ပြောင်းဆေးဝါးများ သယ် ဆောင်ရာ၌ ပူးပေါင်းပါ၀င်သူများဖြစ်သည့် စိုင်းကောရ(ခ) စိုင်းခမ်းမတ် အား နမ့်စန်မြို့အ၀င်၊ နမ့်စန်-ခိုလမ်သွားကားလမ်းတွင် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ၎င်းကျည် ၂၃ တောင့်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ဖြင့် လည်းကောင်း၊ ၂ နာရီ ၄၅ မိနစ်အချိန် မိုးသက်ကို(ခ)ဘိုင်ဘိုင်းအား လွိုင်လင်မြို့၊ ရပ်ကွက်(၂)ရှိ ၎င်း၏နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် မျိုးသက်ကို(၃၇)နှစ်၊ စိုင်းကောရ(ခ)စိုင်းခမ်းမတ်(၂၉)နှစ်နှင့် မိုးသက်ကို(ခ)ဘိုင်ဘိုင်း(၂၆)နှစ်တို့အား နမ့်စန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *