၁. ၁. ၂၀၂၄
Written by Pan Ei

ဒိန်းမတ်ဘုရင်မ မာဂရက်သ်-၂ (Margrethe II) ဟာ ဥရောပမှာ သက်တမ်းအရှည်ဆုံး ဘုရင်မဖြစ်ပြီး ထီးနန်းသက် ၅၂ နှစ်အကြာ ဇန်နဝါရီ ၁၄ ရက်မှာ ထီးနန်းစွန့်မှာဖြစ်သလို ထီးနန်းကို သားတော်အကြီးဆုံး အိမ်ရှေ့မင်းသား ဖရက်ဒရစ်က ဆက်ခံမှာဖြစ်တယ်လို့ တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။

လက်ရှိအသက် ၈၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘုရင်မ မာဂရက်သ်ဟာ ၁၉၇၂ ခုနှစ်က နန်းတက်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ ရိုးရာနှစ်သစ်ကူး အကြိုမိန့်ခွန်းမှာ ခုလိုအံ့အားသင့်ဖွယ် ကြေညာချက်ကို ကြေညာခဲ့ခြင်းဖြစ်ကာ နိုင်ငံအတွင်း လူပေါင်း ၅ ဒသမ ၉ သန်းက ကြည့်ရှုအားပေးခဲ့ပါတယ်။

သူမရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ကိုးကားပြီး အံ့အားသင့်ဖွယ် ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ “လာမယ့်နှစ်ပတ်အတွင်းဆို ကျွန်မ ဒိန်းမတ်ဘုရင်မဖြစ်လာတာ ၅၂ နှစ်ရှိပါပြီ။ ကျွန်မသားတော် အိမ်ရှေ့မင်းသား ဖရက်ဒရစ်ကို ထီးနန်းစွန့်ခဲ့ပါတယ်” လို့ သူမက ပြောကြားပါတယ်။

ဘုရင်မဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဗြိတိန်ဘုရင်မကြီး Elizabeth II ကွယ်လွန်ပြီးနောက် ဥရောပမှာ သက်တမ်းအရှည်ဆုံး ဘုရင်မဖြစ်လာခဲ့ခြင်းဖြစ်ကာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း ဒိန်းမတ်သမိုင်းမှာ သက်တမ်းအရှည်ဆုံး ဘုရင်မဖြစ်လာခဲ့ပါတယ်။

ဒိန်းမတ်မှာ တရားဝင်အာဏာက ရွေးကောက်ခံပါလီမန်နဲ့ အစိုးရတို့လက်ထဲ တည်ရှိပြီး ဘုရင်မကတော့ နိုင်ငံတော်ရဲ့ လည်ပတ်ခြင်းအခမ်းအနားတွေကနေစပြီး အမျိုးသားနေ့ အခမ်းအနားတွေအထိ ရိုးရာတာဝန်တွေနဲ့ နိုင်ငံတော်ကို ကိုယ်စားပြုကာ ပါတီနိုင်ငံရေးရဲ့ အထက်မှာ ရှိနေပါတယ်။

ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen က ဘုရင်မကို တာ၀န်ထမ်းဆောင်ဖို့ တစ်သက်တာလုံးလုံး အပ်နှံမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဘုရင်မ မာဂရက်သ်ကို ၁၉၄၀ ပြည့်နှစ်က ဒိန်းမတ်နိုင်ငံရဲ့ဘုရင် Frederik IX နဲ့ ဘုရင်မ Ingrid တို့က မွေးဖွားခဲ့ပြီး သူမ ဘဝတစ်လျှောက်လုံး လိမ္မာပါးနပ်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ ကိုယ်ရည်ကိုယ်သွေးကို နှစ်သက်ကြတဲ့ Danes လူမျိုးတွေဆီကနေ ကျယ်ပြန့်တဲ့ ပံ့ပိုးကူညီမှုကို ရရှိခဲ့ပါတယ်။ သူမဟာ ရှေးဟောင်းသုတေသနပညာကို နှစ်သက်တယ်လို့လည်း လူသိများပြီး တူးဖော်မှုများစွာမှာ ပါဝင်ခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်အရ အမျိုးသမီးတွေကို ထီးနန်းအမွေဆက်ခံခွင့်ပြုပြီးနောက် သူမ အသက် ၃၁ နှစ် ၁၉၅၃ ခုနှစ်မှာ သူမရဲ့ ဖခင်ဆီကနေ အမွေဆက်ခံခဲ့ပြီး ဒိန်းမတ်နိုင်ငံဘုရင်မ ဖြစ်လာခဲ့တာပါ။

၁၉၆၇ ခုနှစ်မှာတော့ သူမဟာ ပြင်သစ်သံတမန် Henri de Laborde de Monpezat နဲ့ လက်ထပ်ခဲ့ကာ Henri ဟာ ၂၀၁၈ ခုနှစ်မှာ သူ သေဆုံးချိန်အထိ တော်ဝင်ကြင်ယာတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူတို့ဇနီးမောင်နှံရဲ့ သားနှစ်ယောက်ကတော့ လက်ရှိမှာ ဘုရင်ဖြစ်လာမဲ့ အိမ်ရှေ့မင်းသား ဖရက်ဒရစ် X နဲ့ မင်းသား ဂျွာချင်း တို့ဖြစ်ကြပါတယ်။ ဖရက်ဒရစ် ဟာ သြစတြေးလျနိုင်ငံသူ Mary Elizabeth Donaldson နဲ့ ၂၀၀၄ ခုနှစ်က လက်ထပ်ခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Related News