၃၀. ၁၂. ၂၀၂၃
Written by Pan Ei

L’Oréal ရဲ့အမွေဆက်ခံသူ Françoise Bettencourt Meyers ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေရဲ့ အဆင့်သတ်မှတ်ချက်အရ အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ အထိ ကြွယ်ဝတဲ့ ပထမဆုံးအမျိုးသမီး ဖြစ်လာခဲ့ပါတယ်။

သူမရဲ့ အဖိုးတည်ထောင်ခဲ့တဲ့ ပြင်သစ်အလှတရားအင်ပါယာ L’Oréal ဟာ ဆယ်စုနှစ်များစွာအတွင်း အကောင်းဆုံးစတော့ရှယ်ယာဈေးကွက်မှာ ရှိနေပြီး L’Oréal ရှယ်ယာတွေဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ပါရီမှာ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။

လော့ဒေါင်း ချထားချိန်မှာ လူတွေဟာ မိတ်ကပ်လျှော့သုံးခဲ့ကြပြီး ကပ်ရောဂါပြီးနောက် သူ့ရဲ့ရောင်းအားဟာ ပြန်လည်ကောင်းမွန်လာခဲ့တာပါ။

အသက် ၇၀ အရွယ် မစ္စ Bettencourt Meyer ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ကျော်ရှိနေပြီး ကမ္ဘာ့ ၁၂ ယောက်မြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ကာ အသားတင်ကြွယ်ဝမှု ဒေါ်လာ ၁၇၉ ဘီလျံနဲ့ စာရင်း ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ပြင်သစ်က အချမ်းသာဆုံး Bernard Arnault နဲ့ ယှဉ်ရင်တော့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ Arnault ဟာ Fendi နဲ့ Louis Vuitton အပါအဝင် တန်ဖိုးကြီးကုန်အမှတ်တံဆိပ်တွေကို ပိုင်ဆိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ဇိမ်ခံကုမ္ပဏီ LVMH ကို တည်ထောင်ထားသူဖြစ်ပါတယ်။

မစ္စ Bettencourt Meyers ဟာ ကုမ္ပဏီဘုတ်အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌဖြစ်ပြီး သူမနဲ့ သူမရဲ့မိသားစုဟာ L’Oréal ရဲ့ အစုရှယ်ယာ ၃၅ ရာခိုင်နှုန်းခန့်နဲ့ အကြီးဆုံးရှယ်ယာရှင်တွေဖြစ်ပါတယ်။ မစ္စ Bettencourt Meyers ဟာ ၂၀၁၇ ခုနှစ်မှာ သူမရဲ့မိခင် Liliane Bettencourt သေဆုံးပြီးနောက် L’Oréal ရဲ့ အမွေဆက်ခံသူဖြစ်လာခဲ့တာပါ။

ဒါ့အပြင် မစ္စ Bettencourt Meyers ဟာ တစ်နေ့ကို နာရီပေါင်းများစွာ စန္ဒယားတီးတတ်သူဖြစ်ပြီး ကျမ်းစာငါးအုပ်လေ့လာခြင်းနဲ့ ဂရိနတ်ဘုရားတွေရဲ့ ဆွေစဉ်မျိုး ဆက်အကြောင်း စာအုပ်နှစ်အုပ်ကို ရေးသားခဲ့ပါသေးတယ်။

Ref; The Guardian

Leave a Reply

Your email address will not be published. Required fields are marked *

Related News