MT News
၂၅. ၁၂. ၂၀၂၃

အမြန်လမ်းတွင် ယာဥ်မောင်းအိပ်ငိုက်၍ ယာဥ်တိမ်းမှောက်ရာမှ ကိုရင်သုံးပါး၊ ရဟန်းနှစ်ပါးအပါအဝင် ခုနစ်ဦး ဒဏ်ရာရမှုဖြစ်ပွားခဲ့သည်ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ ခန့်အချိန်က ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော Toyota Hilux Surf အမျိုးအစားယာဥ် (နီညိုရောင်) မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၅၇/၀)ဖာလုံကြားအရောက် ယာဥ်မောင်းအိပ်ငိုက်ကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ယာဥ်တိမ်း‌မှောက်မှုကြောင့် ယာဥ်‌ပေါ်တွင်လိုက်ပါလာသည့် ယာဥ်‌မောင်း၊ ရဟန်း(၂)ပါး၊ ကိုရင်(၈)ပါး ကျောင်းသား(၃)ဦးတို့အနက် ရဟန်း(၂)ပါး၊ ကိုရင် (၃)ပါး၊‌ ကျောင်းသား(၂)ဦး စုစုပေါင်း(၇)ဦးတို့မှာထိခိုက်ဒဏ်ရာများရရှိသဖြင့်၊ EMS 192 လူနာတင် ယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကူညီပေးခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဥ်ကို ဘောနီအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင် (၅) ဦး၊‌ ဘောနီအမြန်လမ်းရဲစခန်းမှ စခန်းမှူးအပါအဝင် တပ်ဖွဲ့ဝင် (၁၀) ဦးတို့က ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *