၁၃. ၁၂. ၂၀၂၃
Written by Nay Moe

လုံးတောရွာနဲ့ အောင်ချမ်းသာရွာက Mytel တာဝါတိုင်နှစ်ခုကို နွားထိုးကြီး PDF မိုင်းခွဲ၍ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ NUG ဩဇာခံ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း(NPDF) က အခု ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၂ ရက် နေ့လည် ၁၁ နာရီဝန်းကျင်မှာ နွားထိုးကြီးမြို့နယ် လုံးတောကျေးရွာရှိ Mytel တာဝါတိုင်နဲ့ ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ၀န်းကျင်မှာ ငါးဇွန်မြို့နယ် အောင်ချမ်းသာကျေးရွာရှိ Mytel တာဝါတိုင်တို့ကို မိုင်းဖောက်ခွဲပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ NUG ဩဇာခံ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း (NPDF) က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးပြတ်တောက်မှုတွေ မကြာခဏဖြစ်ပေါ်နေပြီး ဒီလိုမျိုးဖြစ်စဥ်တွေမှာ အခုလိုမျိုး ဆက်သွယ်ရေးတာဝါတိုင် ၆၀၀ ကျော် ဖောက်ခွဲဖျက်ဆီးခံရမှုတွေကလည်း အဓိကအချက်ဖြစ်ပါတယ်။

“NUG၊ PDF အဖွဲ့အနေနဲ့ ကျွန်တော်တို့နိုင်ငံမှာ မဲလိမ်မဲခိုးမှုကြောင့် တပ်မတော်အနေနဲ့ တာဝန်ယူခဲ့ရတယ်။ ဒီတာဝန်မယူခင်မှာလည်း ညှိနှိုင်းမှုအမျိုးမျိုးလုပ်ခဲ့တယ်။ တာဝန်ယူပြီး နောက်ပိုင်းမှာလည်း တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းဖို့ ပြောခဲ့ လုပ်ခဲ့ပါတယ်။ သို့သော် လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို သူတို့ရွေးချယ်ပြီး ပြည်သူ့ရဲ့ လူမှုစီးပွားဘဝကို ဖျက်စီးနေတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ အခု ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ NUG PDF အကြမ်းဖက်အဖွဲ့တွေအနေနဲ့ ရဟန်းသံဃာ ၉၂ ပါးကို သ-တ်-ဖြ-တ်ခဲ့ပါတယ်။ ပညာရေးဝန်ထမ်း ၈၈ ဦးကို သ-တ်-ဖြ-တ်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်း ၂၀ ဦးကို သ-တ်-ဖြ-တ်ခဲ့ပါတယ်။ သူတို့ဖျက်ဆီး၊ မီးရှို့၊ မိုင်းထောင်ခဲ့တဲ့ဆေးရုံ၊ ဆေးခန်းပေါင်း ၅၅ ခုရှိပါတယ်။ စာသင်ကျောင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံပေါင်း ၇၇၃ ခုရှိခဲ့ပါတယ်။ အများပြည်သူလူထု အသုံးပြုနေတဲ့ ဆက်သွယ်ရေးတာဝါတိုင် ၆၀၀ကျော် ဖျက်ဆီးခဲ့ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *