၁၁. ၁၂. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံ ရနောင်းမြို့တွင်နေထိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးသည် ဓားဖြင့်ထိုးသတ်ခံရကာ ၎င်း၏ ရုပ်အလောင်းကို Soi 2. Bang Rin တံတားအောက်ရှိတူးမြောင်းနားမှ ပြန်လည်တွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ရနောင်းမြို့ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီးက Soi 2. Bang Rin တံတားအောက်ရှိ တူးမြောင်းနားတွင် လူတစ်ဦး ဓားဖြင့်ထိုးသတ်ခံရကာ သေဆုံးနေသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းတွင် သွားရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦးကိုလည်ချောင်းတွင် ဓားဒဏ်ရာဖြင့် သွေးအိုင်ထဲလဲကျသေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြောင်း ပြောသည်။

This image has an empty alt attribute; its file name is photo_2023-12-11_15-47-37-1024x698.jpg

သေဆုံးသူသည် အသက် ၄၆ နှစ်အရွယ်ရှိ အေးစိုးမင်းဆိုသူဖြစ်ကြောင်း၊ မြန်မာရွှေ့ပြောင်း အလုပ်သမားဖြစ်ကာလည်ပင်းတွင်ချွန်ထက်သောအရာဖြင့် ထိုးခံရသော ထိုးသွင်းဒဏ်ရာတစ်ခုနှင့် အခြားဒဏ်ရာနှစ်ခုကိုတွေ့ရှိခဲ့ကြောင်း၊ ၎င်း၏ လည်ပင်းတွင် ထိုးသွင်းခံရသောဒဏ်ရာသည် အရှည် ၆ လက်မခန့်ရှိကြောင်း ရနောင်းမြို့ရဲတပ်ဖွဲ့က ပြောသည်။ ရနောင်းမြို့ရဲတပ်ဖွဲ့သည် ၎င်း၏ ရုပ်အလောင်းကို စစ်ဆေးရန်နှင့် ခန္ဓာကိုယ်ပေါ်ရှိ လက်ဗွေရာ၊ သဲလွန်စများရှာဖွေရန် ရနောင်းမြို့ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

သေဆုံးသူ မြန်မာနိုင်ငံသား၏ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူ အေးစိုးမင်းသည် ရနောင်းမြို့ရှိ ပစ္စည်းရောင်းချသောဆိုင်တွင် အလုပ်လုပ်သူဖြစ်ကြောင်း၊ ဒီဇင်ဘာ ၉ ရက်နေ့ ညနေ သုံးနာရီကျော်တွင် အိမ်သို့ ပြန်လာခဲ့ကြောင်း၊ အိမ်ကို ပြန်လာချိန်တွင် အရက်သောက်ထားသော်လည်း အခြားသူများနှင့် စကားများရန်ဖြစ်ခဲ့ခြင်းမျိုးမရှိကြောင်း ပြောသည်။ ထို့အပြင် အေးစိုးမင်း၏ဇနီးဖြစ်သူက ညနေ ၅ နာရီတွင် အေးစိုးမင်းသည် ၎င်းထံမှ ဘတ် ၁၀၀၀ တောင်းယူပြီး အိမ်အပြင်ကို ထွက်သွားခဲ့ပြီး ယင်းအချိန်တည်းက အိမ်ကို ပြန်လာခြင်းမျိုးမရှိကြောင်း ထပ်မံပြောဆိုထားသည်။

This image has an empty alt attribute; its file name is photo_2023-12-11_15-47-41-1024x620.jpg

ရနောင်းမြို့ရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားသေဆုံးပုံကို ကနဦး လေ့လာစုံစမ်းမှုများအရ လူသတ်မှုကျူးလွန် သည့် ရည်ရွယ်ချက်ဖြင့် ကျူးလွန်ခဲ့ခြင်းမျိုးဖြစ်ကြောင်း၊ လည်ပင်းကို ချွန်ထက်သောအရာဖြင့် ထိုးခဲ့သလိုလည်ပင်းကို ဓားဖြင့်ခုတ်ဖြတ်ခြင်းမျိုးလည်းရှိနေကြောင်း ပြောသည်။ အေးစိုးမင်း၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သော တံတားနားတွင် ထိုင်းနှင့် မြန်မာနိုင်ငံသားများ အများဆုံးနေထိုင်ပြီး အခြားနိုင်ငံသားများလည်းနေထိုင်ကြောင်း သိရသည်။

Ref; Khasoad

Leave a Reply

Your email address will not be published. Required fields are marked *

Related News