၈. ၁၂. ၂၀၂၃
Written by Nay Moe

တာမွေမြို့နယ် ကျောက်မြောင်း သီတာလမ်းထိပ်မှာ ဒီဇင်ဘာ ၈ ရက် ည ၇ နာရီခွဲပတ်လည်က လူငယ်လေးဦးဟာ တာယာကွင်းတွေကို မီးရှို့ဆန္ဒပြခဲ့သလို လက်လုပ်မိုင်းတွေလည်း ထောင်ခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီဆန္ဒပြမှုဟာ တာမွေရဲစခန်းနဲ့ မလှမ်းမကမ်းဖြစ်တဲ့ သီတာလမ်းအနီးမှာဖြစ်ခဲ့တာကြောင့် မီးရှို့ဆန္ဒပြနေချိန်မှာ အရပ်ဝတ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးရာမှာ နှစ်ဦးကျည်ထိခဲ့သလို နှစ်ဦးကိုလည်း လက်ရဖမ်းဆီးနိုင်ခဲ့ပြီး ကျည်ထိတဲ့နှစ်ယောက်သေဆုံးတယ်ဆိုတာ မမှန်ကန်ဘူးလို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဆန္ဒပြတဲ့လူငယ်တွေက တာမွေမြို့နယ်အခြေပြု တော်လှန်ရေးအင်အားစုကဖြစ်ပြီး သူတို့မှာပါလာတဲ့လက်လုပ်မိုင်းတွေကိုလည်း ထောင်ထားခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့က ည ၉ နာရီခန့်မှာ မိုင်းကို ဖောက်ခွဲဖျက်ဆီးခဲ့ရသလို ဖမ်းမိတဲ့တရားခံ လေးဦးစီကနေ လက်လုပ်မိုင်းနှစ်လုံးကိုလည်း ဖမ်းမိတယ်လို့သိရပါတယ်။

MT News စုံစမ်းမှုအရ တာယာကွင်းတွေမီးရှို့ဆန္ဒပြသူတွေဟာ လေးဦးထဲမဟုတ်ဘဲ သူတို့ဆန္ဒပြနေတာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်လာချိန်မှာ မိုင်းခွဲဖို့ပါပြင်ဆင်ထားတာကြောင့် ဆန္ဒပြချိန်ဝင်မပါတဲ့ မြို့ပြတော်လှန်သူလူငယ်တစ်စုက တာမွေဒေသခံတချို့ကို သူတို့မိုင်းထောင်ရာပတ်လည်အနီးတစ်ဝိုက်မသွားရောက်ဖို့ စောင့်ကြပ်သတိပေးခဲ့တာလည်း ရှိတယ်လို့ စုံစမ်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *