၈. ၁၂. ၂၀၂၃
Written by Nay Moe

မြို့ချောင်းဆည်စီမံကိန်းတည်ဆောက်ရေး (၁) မှ ဦးစီးအရာရှိ (၂) ကို PDF နှစ်ဦးက သေနတ်ဖြင့် ပစ်သ-၍ သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ငှက်ကြီးသိုက်ကျေးရွာ၌ အမျိုးသားတစ်ဦးအား PDF နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသဖြင့် သေဆုံးခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာအနီး၌ တည်ဆောက်နေသည့် မြို့ချောင်းဆည်စီမံကိန်းတည်ဆောက်ရေး(၁)မှ ဦးစီးအရာရှိ (၂)ဖြစ်သူ လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်နေ ဦးအောင်ဝင်း(၅၉)နှစ်အား ငှက်ကြီးသိုက်ကျေးရွာနေ ဦးဝင်းမြင့်၏နေအိမ်ရှေ့၌ မေးစေ့၊ လည်ပင်းနှင့် ဝမ်းဗိုက်တို့၌ ကျည်ထိမှန်ဒဏ်ရာလေးချက်ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် တာဝန်ရှိသူများက ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဦးအောင်ဝင်းသည် ဆည်စီမံကိန်းလုပ်ငန်းများအား ကြီးကြပ်လုပ်ကိုင်ပြီး ဦးဝင်းမြင့်၏နေအိမ်ရှေ့၌ ထိုင်နေစဉ် PDF နှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး‌ သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ယခုနှစ်နိုဝင်ဘာလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်အပါအဝင် သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူများစသည့် ပြည်သူ ၆၇၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF နှင့် EAOs တို့၏ သတ်ဖြတ်မှုခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *