၇. ၁၂. ၂၀၂၃
Written by Pan Ei

မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကုန်တင်ကားတစ်စီးဟာ ထိုင်းနိုင်ငံ၊ ပသမ်သနီပြည်နယ်မှာ ကွန်တိန်နာထရပ်ကားနဲ့ တိုက်မိပြီး တိမ်းမှောက်ခဲ့တာကြောင့် မြန်မာအလုပ်သမား ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိမ်းမှောက်ခဲ့တဲ့ ကုန်တင်ကားဟာ မြန်မာနိုင်ငံသား အလုပ်သမားအယောက် ၂၀ ကို ပသမ်သနီမြို့ရှိ စင်တာတစ်ခုကနေ သူတို့နေထိုင်ရာ နေရာကိုပို့ဆောင်တာဖြစ်ကြောင်း အလုပ်သမားတွေရဲ့ ကြီးကြပ်ရေးမှူးတစ်ယောက်ရဲ့ ပြောကြားချက်အရသိရပြီး အဲ့ဒီ ကုန်တင်ကားဟာ ဒီနေ့ (ဒီဇင်ဘာလ ၇ ရက်) နံနက် ၆ နာရီလောက်က ထိန်းချုပ်မှု ပြတ်တောက်ကာ ကွန်တိန်နာတင်ထရပ်ကားကို ဝင်တိုက်မိပြီး လူ အများအပြား ဒဏ်ရာရရှိခဲ့တာပဲဖြစ်ပါတယ်။

ကွန်တိန်နာကုန်တင်ယာဉ်ဟာ ခွန်တိုဆိပ်ကမ်းကနေ အယုဒ္ဓယပြည်နယ် ဝမ်နွိုင် ကို ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်နေတာဖြစ်ပြီး မြန်မာအလုပ်သမားတွေကို သယ်ဆောင်လာတဲ့ ကုန်တင်ယာဉ်က နောက်ကနေ လာတိုက်ပြီး တိမ်းမှောက်သွားတာဖြစ်တယ်လို့ ကွန်တိန်နာကုန်တင်ယာဉ် မောင်းနှင်သူကပြောပါတယ်။

ဒဏ်ရာရ မြန်မာအမျိုးသား၊ အမျိုးသမီးတွေကို ဆေးရုံအမြန်ဆုံး ပို့ဆောင်ပေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး ယာဉ်တိုက်မှုဖြစ်ပွားရာနေရာကို စစ်ဆေးကာ တာဝန်ရှိသူတွေက သက်သေအထောက်အထားတွေကို မှတ်တမ်းတင်ခဲ့တဲ့အပြင် အခင်းဖြစ်ပွားရာနေရာက မော်တော်ယာဉ်တွေကို ဖယ်ရှားဖို့အတွက် ကရိန်းယာဉ်ကို အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *