၇. ၁၂. ၂၀၂၃
Written by Pan Ei

မြန်မာနိုင်ငံအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အမြန်ဆုံးရရှိပြီး နိုင်ငံရေးအသွင်ကူးပြောင်းမှုကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ တရုတ်နိုင်ငံက မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၇ ရက်)မှာ ပြောကြားခဲ့ပါတယ်။

ဘေဂျင်းမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့တဲ့ ဝမ်ယိက နှစ်နိုင်ငံစလုံးဟာ တယ်လီကွန်းလိမ်လည်မှု ပပျောက်ရေးအတွက် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းသင့်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

၂၀၂၁ ခုနှစ် နိုင်ငံရေးပဋိပက္ခနောက်ပိုင်း မြန်မာ့တပ်မတော်အနေနဲ့ ဆုပ်ကိုင်ထားရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုဟာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေပဲဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံဟာ တရုတ်နိုင်ငံသားတွေကို ငွေကြေးအမြောက်အမြားလိမ်လည်ခဲ့တဲ့ မြန်မာနိုင်ငံက တယ်လီကွန်း လိမ်လည်မှုအဖွဲ့တွေကို နှိမ်နင်းခဲ့ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရာမှာ မကြာသေးမီက နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုက ရလဒ်ကောင်းတွေ ရရှိခဲ့တယ်လို့လည်း ဝမ်ယိက အသိအမှတ်ပြုခဲ့ပါတယ်။

မြန်မာအာဏာပိုင်တွေဟာ တယ်လီကွန်းလိမ်လည်မှု သံသယရှိသူ ၃၁၀၀၀ ကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့ကြောင်း ဘေဂျင်းက တာဝန်ရှိသူတွေက ပြီးခဲ့တဲ့လက ပြောကြားခဲ့သလို မြန်မာနိုင်ငံက လိမ်လည်မှုစင်တာ အနည်းဆုံး ၁,၀၀၀ မှာ တစ်ရက်ကို လူတစ်သိန်းကျော်က တယ်လီကွန်းလိမ်လည်မှုမှာ ပါဝင်နေကြတယ်လို့ တရုတ်အစိုးရမီဒီယာက ဖော်ပြထားပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *