၅. ၁၂. ၂၀၂၃
Written by Pan Ei

Jonathan အမည်ရှိတဲ့ လိပ်ကြီးဟာ ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိသတ္တဝါဖြစ်ပြီး သူ့ရဲ့ ၁၉၁ နှစ်မြောက်မွေးနေ့ကို ဗြိတိန်နိုင်ငံပြင်ပက ပိုင်နက်နယ်မြေဖြစ်တဲ့ စိန့်ဟယ်လီနာကျွန်းမှာ မကြာသေးမီရက်ပိုင်းအတွင်းက ကျင်းပခဲ့ပါတယ်။

Jonathan ရဲ့အသက်အတိအကျကို မသိရပေမဲ့ ၁၈၈၂ ခုနှစ်က Seychelles နိုင်ငံကနေ စိန့်ဟယ်လီနာကျွန်းကို ခေါ်ဆောင်လာတုန်းက အနည်းဆုံး အသက် ၅၀ ရှိနေပြီဖြစ်ပြီး အခုလက်ရှိမှာ လိပ်ကြီးရဲ့ အသက်ဟာ ၁၉၁ နှစ်ထက် ပိုကြီးနေနိုင်ပါသေးတယ်လို့ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းက ထုတ်ပြန်ခဲ့ပါတယ်။

Jonathan ဟာ ပျမ်းမျှသက်တမ်း နှစ် ၁၅၀ ခန့်ရှိတဲ့ Seychelles ဧရာမလိပ်မျိုးစိတ်ဖြစ်ပြီး ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိသတ္တဝါအဖြစ်သတ်မှတ်ခြင်းခံထားရကာ သမိုင်းတစ်လျှောက်မှာ မှတ်တမ်းတင်ထားတဲ့ အသက်အကြီးဆုံး လိပ်လည်းဖြစ်ပါတယ်။

“သူ့ရဲ့အနံ့ခံအာရုံဆုံးရှုံးသွားပြီး အတွင်းတိမ်ကြောင့် မျက်စိကွယ်နေပေမယ့် သူ့အစာစားချင်စိတ်က ပြင်းပြနေဆဲပါ” လို့ တိရစ္ဆာန်ဆေးကုဆရာဝန် Joe Hollins က ဂင်းနစ်မှတ်တမ်းအဖွဲ့ကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Jonathan ဟာ စိန့်ဟယ်လီနာအုပ်ချုပ်ရေးမှူး နေထိုင်ရာ Plantation House မှာ ၁၄၁ နှစ်ကြာ နေထိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Ref; UPI News

Leave a Reply

Your email address will not be published. Required fields are marked *

Related News