◼️ဈေးကွက်ကျွမ်းကျင်သူများက တစ်အောင်စလျှင် ဒေါ်လာ ၂,၂၀၀ အထိ ရွှေဈေးဆက်တက်နိုင်ဟု ခန့်မှန်း

၄. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

ကမ္ဘာ့ရွှေဈေးကွက်၌ ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ရွှေတစ်အောင်စလျှင် ၂,၁၁၀ ဒသမ ၈ အမေရိကန်ဒေါ်လာ ရှိသည်အထိ စံချိန်တင်အောင် ထိုးတက်သွားခဲ့ကြောင်း သိရသည်။

အစ္စရေး-ပါလက်စတိုင်းစစ်ပွဲဖြစ်ပွားမှု နှစ်လနီးပါးကြာလာခဲ့ခြင်းနှင့်အတူ ရွှေဈေးကလည်းလုံခြုံစိတ်ချရသည့် အဖိုးတန်ပစ္စည်းအဖြစ် မြင့်မားလျက်ရှိခြင်းဖြစ်သည်။

ဤသို့ ဈေးနှုန်းမြင့်တက်နေမှုက ဒီဇင်ဘာလ ၄ ရက်တွင်မူ ဒေါ်လာ ၂,၁၀၀ ကျော်အထိရောက်ရှိလာခြင်း နှင့်အတူ တစ်ကမ္ဘာလုံး၌ ရွှေဈေးဆက်လက်မြင့်တက်နေမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ပထဝီနိုင်ငံရေး မသေချာမရေရာမှု၊ အမေရိကန်ဒေါ်လာဈေးနှုန်းနှင့်အတိုးနှုန်းများ လျော့ နည်းလာခြင်းနှင့်အတူ ကမ္ဘာ့ရွှေဈေးနှုန်းက ဒေါ်လာ ၂,၀၀၀ အထက်တွင်တည်ရှိလိမ့်မည်ဟု အကဲဖြတ်များက ခန့်မှန်းကြသည်။

ဤသို့ စံချိန်တင်အောင်ရွှေဈေးမြင့်တက်လာခဲ့သော်လည်း ၎င်းဈေးနှုန်းက ဤနေရာတွင်သာ တန့်သွားမည်မဟုတ်ဘဲ ဆက်လက်တက်လာနိုင်သေးကြောင်း ဈေးကွက်ကျွမ်းကျင်သူအကဲဖြတ်များက ပြောခဲ့ကြ သည်။

စင်ကာပူရှိ United Overseas Bank ၏ ဈေးကွက်မဟာဗျူဟာအကြီးအကဲ ဟန်ကွန်ဟိုးက အမေရိကန်ဒေါ်လာဈေးနှုန်းနှင့်ပထဝီနိုင်ငံရေးမသေချာမရေရာမှုတို့က ရွှေဈေးမြင့်တက်မှုကိုဖြစ်စေသည့်တွန်းအားနှစ်ရပ်ဖြစ်ကြောင်း၊ ရွှေဈေးက ၂၀၂၄ ခုနှစ်အကုန်တွင် ဒေါ်လာ ၂,၂၀၀ အထိရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းရကြောင်း ပြောခဲ့သည်။

အလားတူပင် အခြားသော ရွှေဈေးကွက် အကဲဖြတ်တစ်ဦးဖြစ်သော နစ်ကီရှီးလ်စ်ကလည်း ရွှေတုံး၊ ရွှေခဲများအဝယ်လိုက်မှု အလားအလာကို “အခုဆိုရင် တစ်အောင်စကို ဒေါ်လာ ၂,၁၀၀ ကျော်အထိ စံချိန်တင်မြင့်တက်လာတဲ့ ရွှေဈေးနှုန်းက တစ်အောင်စကို ဒေါ်လာ ၂,၂၀၀ ရောက်တဲ့အထိ ဆက်တက်သွားလိမ့်ဦးမယ့် အလားအလာရှိနေတယ်” ဟု ၎င်းက ပြောခဲ့ပြန်သည်။

Ref—-CNBC

Leave a Reply

Your email address will not be published. Required fields are marked *