၂. ၁၁. ၂၀၂၃

Written by Nay Aung

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့် အကြမ်းဖက်များ အဆုံးသတ်နိုင်ရန် နည်းလမ်းရှာဖွေမှုများကို ပိုမိုတက်ကြွစွာလုပ်ဆောင်သွားရန် ပြင်ဆင်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် အာဆီယံအဖွဲ့ကြီးက သတ်မှတ်ထားသော အာဆီယံသဘောတူညီချက်ငါးချက်ကို လိုက်နာဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရေးအငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းရန်လိုအပ် ကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ထိုင်းအစိုးရအဖွဲ့အသစ်လက်ထဲတွင် မြန်မာ့နိုင်ငံရေးကိစ္စများအပေါ် ယခင်အစိုးရလုပ်ဆောင်ခဲ့သော “Quiet Diplomacy” ပုံစံမျိုးအတိုင်း လုပ်ဆောင်မည်မဟုတ်ကြောင်း လေ့လာသုံးသပ်သူအများစုက ယုံကြည်နေသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက “မြန်မာ့နိုင်ငံရေးအငြင်းပွားမှုတွေ ဖြေရှင်းဆောင်ရွက်တာတွေနဲ့ပတ်သက်ပြီး နိုင်ငံ တကာကို ပိုမိုပွင့်လင်းမြင်သာမှုရှိအောင်လုပ်ဆောင်သွားမယ်။ ကျွန်တော်တို့ဟာ သေးငယ်တဲ့ခြေလှမ်းက စတင်ရဖွယ်ရှိပါတယ်။ ကျွန်တော်တို့ဟာ မြန်မာ့နိုင်ငံရေးအငြင်းပွားမှုကိုဖြေရှင်းနိုင်ဖို့ ဘယ်အစပျိုးမှုကိုမဆို မစတင်ခင် အာဆီယံဒေသအတွင်းရှိ မိတ်ဆွေနိုင်ငံတွေကိုအသိပေးအကြောင်းကြားမှာပါ။ ကျွန်တော်တို့ဟာ မြန်မာအစိုးရတာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးမယ်။ အဲဒီကိစ္စတွေကို အာဆီယံဒေသအတွင်းရှိ မိတ်ဖက်နိုင်ငံတွေ၊ မြန်မာအရေးကို စိတ်ဝင်စားမှုရှိနေတဲ့ အဓိကနိုင်ငံကြီးတွေနဲ့တိုင်ပင်ဆွေးနွေးသွားမယ်” ဟု ပြောသည်။

ထို့အပြင် ၎င်းက မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် သက်ရောက်မှုဒဏ်ခံစားနေရသူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ရန်လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးနိုင်မည့် စင်္ကြံလမ်း တည်ဆောက်နိုင်မည့် လုပ်ငန်းစဉ်ကိုတွန်းအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့သည်။

Ref; thaipbs world

Leave a Reply

Your email address will not be published. Required fields are marked *