၄. ၁၂. ၂၀၂၃
Written by Pan Ei

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း မာရာပီ မီးတောင် ပေါက်ကွဲပြီးနောက် အနည်းဆုံး တောင်တက်သမား ၁၁ ဦး သေဆုံးကြောင်း ဒေသဆိုင်ရာ ကယ်ဆယ်ရေး အရာရှိတစ်ဦးက အေအက်ဖ်ပီကို တနင်္လာနေ့ (ဒီဇင်ဘာ ၄ ရက်) မှာ ပြောကြားခဲ့ပါတယ်။

ဆူမားတြားကျွန်းမှာရှိတဲ့ မာရာပီတောင်ဟာ အမြင့် ၂၈၉၁ မီတာရှိပြီး တနင်္ဂနွေနေ့က ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ပြာတွေဟာ မီတာ ၃၀၀၀ အထက်အထိ လွင့်စင်သွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ တောင်ပေါ်မှာ မကယ်ထုတ်ရသေးတဲ့ လူ ၂၆ ဦးရှိပြီး ကယ်ဆယ်တွေ့ရှိခဲ့ပြီးသူ ၁၄ ဦးအနက် သုံးဦးကို အသက်ရှင်လျက် တွေ့ရှိခဲ့ကာ ၁၁ ဦး သေဆုံးခဲ့တယ်လို့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ Abdul Malik က မီးတောင်ပေါက်ကွဲမှုအပြီး တစ်ရက်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-12-04_11-00-14.jpg

မီးတောင်ဝနဲ့ ပိုနီးတဲ့သူတွေက အရမ်းပူတာကြောင့် မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ကြလို့ ဆေးရုံတင်ထားကြရတယ်လို့ သိရပြီး ကယ်ဆယ်ရေးအဖွဲ့တွေကလည်း တောင်တက်သမားတွေကို ဘေးလွတ်ရာကို ပို့ဆောင်နိုင်ဖို့ ညလုံးပေါက် လုပ်ဆောင်နေခဲ့ကြကြောင်း အနောက်ဆူမားတြားရဲ့ သဘာဝအရင်းအမြစ် ထိန်းသိမ်းရေးအေဂျင်စီက ပြောကြားခဲ့ပါတယ်။

မာရာပီတောင်ဟာ အင်ဒိုနီးရှားရဲ့ အဆင့်လေးဆင့်စနစ်ရဲ့ ဒုတိယသတိပေးချက်အဆင့်မှာရှိပြီး အာဏာပိုင်တွေက မီးတောင်ဝအနီး သုံးကီလိုမီတာကို မသွားရဇုန်တွေ ချမှတ်ထားပါတယ်။

အင်ဒိုနီးရှားကျွန်းစုဟာ မြင့်မားတဲ့ မီးတောင်တွေနဲ့ ငလျင်လှုပ်ခတ်မှုကို ဖြစ်စေနိုင်တဲ့ ပစိဖိတ်မီးကွင်းပေါ်မှာ တည်ရှိပြီး နိုင်ငံတစ်ဝန်းမှာ မီးတောင်ရှင်ပေါင်း ၁၃၀ နီးပါးရှိပါတယ်။

Ref; AFP

Leave a Reply

Your email address will not be published. Required fields are marked *

Related News