၁. ၁၂. ၂၀၂၃
Written by Pan Ei

ထိုင်းနိုင်ငံ နွမ်သဘူရီမြို့က ဟိုတယ်တစ်ခုမှာ အထပ်နှစ်ထပ်ကို ငှားရမ်းပြီး တရားမဝင် ကာစီနိုလောင်းကစားရုံတစ်ခုဖွင့်လှစ်ထားတဲ့ နေရာကို မကြာသေးမီရက်ပိုင်းအတွင်းက ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာ၊ တရုတ်နိုင်ငံသားတွေအပါအဝင် လူ ၄၉ ဦးကို ဖမ်းဆီးခဲ့ပြီး ငွေသား ဘတ် ၃ ဒသမ ၅ သန်းလောက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

နမ်ဝေါင်ဝမ်ဧရိယာမှာရှိတဲ့ IWish ဟိုတယ်ရဲ့ရှစ်ထပ်နဲ့ ကိုးထပ်မှာ ခမ်းနားထည်ဝါစွာ အလှဆင်ထားတဲ့ ကာစီနိုကို ဖွင့်လှစ်ထားတာဖြစ်ပြီး အဲ့ဒီနေရာကို ထိုင်းနိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲတပ်ဖွဲ့တို့က ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-12-01_14-49-08-1024x682.jpg

တရုတ်နိုင်ငံက လောင်းကစားသမား ၂၆ ဦးကို ထိုင်းအလုပ်သမားတွေနဲ့အတူ ဖမ်းဆီးထားကြောင်း ကနဦးထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ စခန်းမှူးရဲ့ ပြောကြားချက်အရ ဖမ်းဆီးခံရသူ ၄၉ ဦးထဲမှာ ကနေဒါ၊ လာအို၊ မြန်မာနဲ့ စင်ကာပူနိုင်ငံသားတွေ ပါဝင်ကြောင်း သိရပါတယ်။ တချို့သော နိုင်ငံခြားသားတွေဟာ ကာစီနို ဝန်ထမ်းတွေဖြစ်ပြီး ဖမ်းဆီးခံရသူ ၂၆ ဦးဟာ မုန့်ဈေးတန်းမှာ ရှိနေခဲ့ကြတယ်လို့ဆိုကာ စွဲချက်တွေအားလုံးကို ငြင်းဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဖဲရိုက်တဲ့ စားပွဲခြောက်လုံး၊ စလော့ကစားတဲ့စက် ခြောက်လုံး၊ ကတ်အထုပ် ၁၀၀ ခန့်၊ ငွေသား ဘတ် ၃ ဒသမ ၅ သန်းခန့်နဲ့ စုစုပေါင်း ဘတ်သန်းပေါင်း ဆယ်ဂဏန်း တန်ဖိုးရှိတဲ့ ကာစီနို ချစ်ပ်ပြားတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေနဲ့ ဖမ်းဆီးရမိသူတွေကို ရသံနာသီဘက်ရဲစခန်းမှာ ဥပဒေအရ အရေးယူဆောင်ရွက်လျက် ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref; bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News