MT News

Photo – Tha Doe

ဗုဒ္ဓဘာသာဝင်သူတော်စင်တွေ ကုသိုလ်ကောင်းမှုပြုရာပွဲတော် အများဆုံးသောလဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ဟာ ၁၁၂၇ စစ်ဆင်ရေး ဆိုတဲ့ တိုက်မယ်ခိုက်ကြုံးဝါးသံတွေရှိခဲ့တာကြောင့် ထိတ်လန့်တဲ့ပြည်သူအများစုဟာ အိမ်တွင်းအောင်းနေလို့ လမ်းပေါ်မှာ လူသူကြဲပါးနေသလို ရွှေတိဂုံစေတီတော်မှာလည်း လူနည်းပါးပါတယ်။

ပြည်သူတွေနည်းပါးရတာလည်း အဆိုးမဆိုသာပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဝါဆိုလပြည့်နေ့မှာ ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ ဗုဒ္ဓဘာသာဝင် အများပြည်သူဘုရားသွားကျောင်းတက် ကုသိုလ်ကောင်းမှုကို ဖက်တွယ်အေးချမ်းနေချိန်မှာ အကြမ်းဖက်သမားတွေက မြေနီကုန်းအပါအဝင် နေရာသုံးနေရာထက်မနည်း ဗုံးခွဲခဲ့လို့ ပြည်သူနှစ်ဦးသေဆုံးပြီး ၁၀ ဦးအထက် ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် အကြမ်းဖက်တိုက်ခိုက်မယ်ဆိုတဲ့အသံကြားချိန်မှာ အိမ်ထဲက အိမ်ပြင်အထွက်နည်းကြတာ ဓမ္မတာပါပဲ။

ဒါပေမဲ့လည်း ၁၁၂၇ ဟာ အခုအချိန်အထိတော့ အသံမထွက်နိုင်သေးသလို ရွှေတိဂုံစေတီတော်နဲ့ လမ်းပေါ်မှာလည်း ပြည်သူတွေပြန်ရောက်လာပြီး စည်ကားစပြုနေတယ်ဆိုတာ……။

Leave a Reply

Your email address will not be published. Required fields are marked *

Related News