အသေဖမ်းမိသည့် GZP(MDY) အဖွဲ့ဝင်တစ်ဦးကို တွေ့ရစဥ်

MT News

Written by Min Mahar

ယမန်နေ့နေ့လည်ပိုင်းက မန္တလေးတွင် PDF အဖွဲ့နှင့် SAC လုံခြုံရေးအဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDFအဖွဲ့မှ ၁ ဦးသေဆုံး၍ ၂ ဦးကို အရှင်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ၁၉ လမ်းပေါ်ရှိ အဆုတ်ဆေးရုံအနီးတွင် နိုဝင်ဘာ ၂၁ ရက် ယနေ့နေ့လည် ၂ နာရီဝန်းကျင်က PDF အဖွဲ့များနှင့် SAC လုံခြုံရေးအဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၂ ဦးဖမ်းမိသွားကြောင်း သိရသည်။

“နေ့လည် ၂ နာရီလောက်က အဆုတ်ဆေးရုံရှေ့နားမှာ တစ်ဒိုင်းဒိုင်းနဲ့အပြန်အလှန်ပစ်နေကြတာ။ ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက်က စစ်သားတွေစီးလာတဲ့ကားရှေ့ကနေမောင်းသွားပြီး အဆုတ်ဆေးရုံနားအရောက်မှာ ဆိုင်ကယ်တစ်စီးကို သေနတ်နဲ့ထောက်နေတာကို စစ်သားတွေကတွေ့သွားပြီး အပြန်အလှန်ပစ်ခတ်နေကြတယ်။ ခဏကြာတော့ တစ်ယောက်သေပြီး နှစ်ယောက်ကိုဖမ်းသွားတာတွေ့တယ်။ အခြားတစ်ယောက်တော့ မိတာသေတာတော့မကြားမိဘူး။ လွတ်သွားတာပဲဖြစ်မယ်”ဟု ပစ်ခတ်မှုအနီးတွင်နေထိုင်သူတစ်ဦးက ၎င်း၏တွေ့မြင်ကြားမှုများကို MT News သို့ ပြောပြသည်။

ဖမ်းဆီးရမိသူနှစ်ဦးတွင် တစ်ဦးသည်သေနတ်ထိမှန်ထားပြီး နန်းတွင်းစစ်ဆေးရုံ၌ ကုသပေးနေသည်ဟု သိရပြီး ၎င်းတို့ထံမှလည်း ပစ္စတိုသေနတ်များနှင့် လက်ပစ်ဗုံးများကိုလည်း သက်ဆိုင်ရာမှ သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နီးစပ်သူများထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုတွင်ဖြစ်ပွားခဲ့သော သူများထဲမှ သေဆုံးသွားသူသည် မန္တလေးမြို့ပေါ်တွင် ရပ်ကျေးဝန်ထမ်းများအား လိုက်လံသတ်ဖြတ်နေသော Generation Z Power -GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့(မန္တလေး)မှ ကျွဲကြီး (အမည်ဝှက်) ဟုလည်း MT News ၏ ကနဦးစုံစမ်းမှုအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *