MT News

ရိုက်ကူး/တည်းဖြတ် ဟေမာ

“၂၀၀၁ ခုနှစ်က မလေးရှားမှာ မြင်းအဝေးစီးပြိုင်ပွဲသွားပြိုင်တဲ့အချိန်မှာ ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ မြင်းတွေ သယ်သွားလို့ မရတဲ့ အခါ ငှားစီးခဲ့ရတာပေါ့။ ငှားစီးရတော့ ဘယ်လောက်ပဲကြိုးစားကြိုးစား တတိယပဲ ကျွန်တော်ရရှိခဲ့ပါတယ်။ ဒီတတိယဆုရဖို့ဆိုတာကလည်း တော်တော်ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာရော တခြားတိုင်းပြည်မှာရော မျက်နှာငယ်ရပါတယ်။ ကျွန်တော့်ဘဝမှာ အင်မတန်မျက်နှာငယ်ရတဲ့ မြင်းစီးအားကစားမှာ တကယ်သိမ်ငယ်ရတဲ့ တခြားတိုင်းပြည်သွားပြိုင်ချိန်မှာ သိမ်ငယ်ရတာတော့ မှတ်မှတ်ရရပါပဲ” လို့ မြန်မာ့လက်ရွေးစင် မြင်စီးအားကစားသမားဟောင်း ဦးသိန်းဝင်းက ပြောပါတယ်။

ဦးသိန်းဝင်းဟာ မြန်မာ့လက်ရွေးစင်မြင်းစီးကစားသမားအဖြစ်နဲ့ ပြည်တွင်းပြည်ပမှာ ဆုတံဆိပ်များစွာဆွတ်ခူးနိုင်ခဲ့သူဖြစ်သလို လက်ရှိမှာ မြန်မာ့မြင်းစီးအသင်းနဲ့ ပတ်သက်ပြီး သူ့အတွေ့အကြုံတွေ ပြောပြထားတာကို MT News ရဲ့ ရုပ်သံလေးမှာ တွေ့ရမှာဖြစ်ပါတယ်။

ဒါ့အပြင်လည်း ကိုဗစ်မှာ သေသွားခဲ့တဲ့ မြင်းတွေ ရောင်းစားခဲ့ရတဲ့ မြင်းတွေနဲ့ မသေရုံတမယ် အစားအသောက်ကျွေးနေရတယ်ဆိုတဲ့အကြောင်းတွေနဲ့ ခက်ခဲနေရတဲ့ မြင်းစီးအားကစားသမားတွေအကြောင်းကို တင်ဆက်ပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News