၂၉. ၁၁. ၂၀၂၃
Written by Pan Ei

တစ်ရေးတမောအိပ်စက်ခြင်းဟာ မူးယစ်ဆေးဝါးသုံးစရာမလိုဘဲ လူတွေရဲ့ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးနိုင်တာကြောင့် ဆေးစွမ်းကောင်းတစ်လက်နဲ့ တူတယ်လို့ Duke တက္ကသိုလ်မှ အိပ်စက်ခြင်းဆိုင်ရာ စိတ်ပညာရှင်နဲ့ သုတေသီ Jade Wu က ပြောကြားခဲ့ဖူးပြီး တစ်ရေးတမောအိပ်ခြင်းက လူတွေကို ပိုမိုရှင်းလင်းစွာတွေးခေါ်စေနိုင်သလို ကိစ္စရပ်တွေကို ပိုမိုမြန်ဆန်စွာ တုံ့ပြန်စေနိုင်ပြီး စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ခြင်းနဲ့ မှတ်ဉာဏ်တွေကိုလည်း ပိုတိုးတက်စေနိုင်တဲ့ အကျိုးကျေးဇူးတွေ များစွာရှိတယ်လို့ သူမက ပြောကြားခဲ့ပါတယ်။

နေ့လယ်ဘက် တစ်ရေးတမော ကောင်းကောင်းအိပ်ပျော်ဖို့ဆိုတာက အနုပညာမြောက်ပြီး ကျွမ်းကျင်အောင်လို့လည်း လေ့ကျင့်ယူနိုင်ပါတယ်။ အိမ်ကနေ အလုပ်လုပ်ရတဲ့သူမျိုး၊ ရုံးခန်းမှာ တိတ်ဆိတ်တဲ့ နေရာရှာနိုင်ပြီး ခဏတာ အိပ်စက်အနားယူဖို့ လုံလောက်တဲ့ ကံကောင်းမှု ရရှိထားသူမျိုး ဒါမှမဟုတ် စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာပဲ အနားယူနိုင်တဲ့သူမျိုးဆိုရင်တောင် နေ့လယ်ဘက် တစ်ရေးတမောအိပ်စက်အနားယူသင့်တယ်လို့ အိပ်စက်ခြင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-29_11-47-46.jpg

နေ့လယ်ဘက် တစ်ရေးတမောအိပ်ဖို့ အကောင်းဆုံးအချိန်ကတော့ မနက်အိပ်ရာထပြီး ခြောက်နာရီကနေ ရှစ်နာရီအထိဖြစ်ပါတယ်။ နေ့ခင်းဘက်ကို နောက်ကျမှ အိပ်တာဖြစ်ဖြစ် အကြာကြီး အိပ်လိုက်တာပဲဖြစ်ဖြစ် အဲ့ဒါဆိုရင်တော့ “ဒါက ညစာမစားခင် အချိုပွဲအကြီးစားသလိုမျိုး၊ မင်းရဲ့ အစာစားချင်စိတ်ကို ပျောက်စေလိမ့်မယ်”လို့ သုတေသီ Jade Wu က သတိပေးထားပါတယ်။

အဲ့ဒါကြောင့် နည်းလမ်းမှန်မှန်နဲ့ နေ့ခင်းနေ့လယ် တစ်ရေးတမောအိပ်တတ်ဖို့လည်းလိုပြီး အိပ်ချိန်ကို မိနစ် ၂၀ လောက်ထားဖို့ ပညာရှင်တွေက အကြံပြုထားကာ ခုလို အချိန်မှန်မှန်နဲ့ တစ်ရေးတမောအိပ်တာက ညအိပ်ချိန်ကိုလည်း အနှောင့်အယှက်မဖြစ်စေနိုင်ဘူးလို့ သိရပါတယ်။

ဒါပေမဲ့ တစ်ရေးတမော အိပ်ဖို့ခက်ခဲနေသူတွေ လုပ်ငန်းခွင်မှာ ခဏတာအိပ်စက်အနားယူဖို့ အဆင်မပြေသူတွေကတော့ နေ့ခင်းဘက်မှာ လမ်းလျှောက်ခြင်း၊ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်းလိုမျိုး ဦးနှောက်ကို “Offline ” ဖြစ်စေမယ့် တခြားနည်းလမ်းတွေကို စဉ်းစားအသုံးပြုဖို့ ဆရာဝန်တွေက အကြံပြုထားပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *