၂၇. ၁၁. ၂၀၂၃

Written by Nay Aung

မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများတွင် ပါဝင်ဆက်နွှယ်နေသည့် တရုတ်နိုင်ငံသား ၄၂ ဦးအနေဖြင့် ဒီဇင်ဘာ ၂၀ ရက်မတိုင်ခင် မိခင်နိုင်ငံသို့ပြန်လာပြီး အဖမ်းမခံပါကအပြစ်ပေးခံရဖွယ်ရှိနေကြောင်း “Lianyungang မြို့ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်လိုက်သည်။

ပြည်ပနိုင်ငံတွင် တရားမဝင်နေထိုင်နေပြီး အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုကျူးလွန်နေသည့်ဂိုဏ်းများတွင်ပါဝင်ဆက်နွှယ်နေသည့် တရုတ်နိုင်ငံသား ၄၂ ဦးကို ပထမအသုတ်အနေဖြင့် မိခင်နိုင်ငံသို့ ပြန်လာပြီးအဖမ်းခံရန် သတိပေးတောင်းဆိုလိုက်ကြောင်း တရုတ်နိုင်ငံ “Lianyungang မြို့ရဲတပ်ဖွဲ့က ပြောသည်။

This image has an empty alt attribute; its file name is 1-5.jpg

တရုတ်ရဲတပ်ဖွဲ့က အဆိုပါ တရုတ်နိုင်ငံသား ၄၂ ဦးအနေ ဖြင့် ဒီဇင်ဘာ ၂၀ ရက်နေ့မတိုင်ခင် မိခင်နိုင်ငံသို့တရား ဝင်လမ်းကြောင်းမှ ပြန်လာပြီး နီးစပ်ရာရဲစခန်းတွင်အကြောင်းကြားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြည်ပနိုင်ငံများတွင်တရားမဝင်နေထိုင်ပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ခဲ့သော Lianyungang မြို့ခံများအနေဖြင့် သတ်မှတ်ထားသောအချိန်ကာလအတွင်း အဖမ်းခံပြီး ကျုးလွန်ခဲ့သော အပြစ်များကို ဝန်ခံမည်ဆိုပါက ဥပဒေနှင့်အညီ ပြစ်ဒဏ်လျှော့ပေးခံရမည်ဖြစ်ကြောင်း တရုတ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

This image has an empty alt attribute; its file name is 2-5.jpg

အဆိုပါတရုတ်နိုင်ငံသား ၄၂ ဦးအနေဖြင့် သတ်မှတ်ထားသည့် ဒီဇင်ဘာ ၂၀ ရက်အတွင်း တရုတ်နိုင်ငံသို့ပြန်လာကာ အဖမ်းခံခြင်းမလုပ်ပါက ဥပဒေအတိုင်း တရားသူ ကြီးများက ပြင်းထန်သည့် အပြစ်ပေးမှုများလုပ်ဆောင်သွားဖွယ်ရှိနေကြောင်း” Lianyungang မြို့ရဲတပ်ဖွဲ့ကပြောသည်။

မြန်မာနိုင်ငံတွင်အခြေစိုက်နေသည့် အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုကျူးလွန်နေသည့်ဂိုဏ်းများတွင် တရုတ်နိုင်ငံသားများပါဝင်နေပြီး မြန်မာအာဏာပိုင်များကလည်း အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုကျူးလွန်နေသည့်ဂိုဏ်းများတွင် ပါဝင်နေသည့် တရုတ်နိုင်ငံသား ၃၀၀၀၀ ကျော်ကို မိခင်နိုင်ငံထံ ပြန်ပို့ထားကြောင်း တရုတ်အာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။

Ref; news.sina

Leave a Reply

Your email address will not be published. Required fields are marked *