၂၈. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

ဂါဇာဒေသတွင် အစ္စရေးနှင့် ဟားမားစ်အုပ်စုအကြား လေးရက်ကြာယာယီအပစ်အခတ်ရပ်စဲမှုက နိုဝင်ဘာ ၂၇ ရက်တွင်ကုန်ဆုံးခဲ့ပြီးနောက် နှစ်ဖက်ဆွေးနွေးမှုများအရ ယာယီအပစ်အခတ်ရပ်စဲမှုသက်တမ်းအား နှစ်ရက်တိုးမြှင့်ရန် ထိုနေ့မှာပင် နှစ်ဖက်သဘောတူညီမှုရရှိခဲ့ကြကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

နိုဝင်ဘာ ၂၇ ရက်တွင် ဟားမားစ်တို့က ဓားစာခံ အစ္စရေးနိုင်ငံသား ၁၁ ဦးကို ပြန်လွှတ်ပေးခဲ့သဖြင့် အပစ်အခတ်ရပ်စဲရေးလေးရက်တာကာလအတွင်း သဘောတူညီချက်အရ ပြန်လွှတ်ပေးခဲ့သည့် အစ္စရေးနိုင်ငံသား ၅၀ ဦးနှင့် အခြားနိုင်ငံသားများ ၁၉ ဦး စုစုပေါင်း ၆၉ ဦးကို ဟားမားစ်တို့က ပြန်လွှတ်ပေးခဲ့သည်။ အစ္စရေးအကျဉ်းထောင်များမှလည်း ပါလက်စတိုင်း အမျိုးသမီးနှင့်ကလေးငယ်များ စုစုပေါင်း ၁၅၀ ဦးကို အစ္စရေးတို့က ပြန်လွှတ်ပေးခဲ့သည်။

အပစ်အခတ်ရပ်စဲရေး နှစ်ရက်ကြာထပ်မံတိုးမြှင့်မှုကို အတည်ပြုခဲ့ကြပြီးနောက် ထိုနှစ်ရက်အတွင်းတစ်ရက်လျှင် ဓားစာခံ ၁၀ ဦးကျ ဟားမားစ်တို့က ပြန်လွှတ်ပေးမည်ဖြစ်ကြောင်းနှင့် နိုဝင်ဘာ ၂၇ ရက်တွင် လေးရက်ကြာအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကာလ ပြီးဆုံးသည်နှင့် ဆက်လက်အကျိုးသက်ရောက်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ရာမင် နေတန်ရာဟု၏ အဆင့်မြင့်အကြံပေးပုဂ္ဂိုလ် မာ့က် ရီဂျက်ဗ်က အတည်ပြုပြောကြားခဲ့သည်။ အစ္စရေးဘက်မှလည်း ပါလက်စတိုင်းအကျဉ်းသား ၆၀ ဦးကို ပြန်လွှတ်ပေးသွားမည်ဖြစ်သည်။

ဟားမားစ်တို့က အောက်တိုဘာလ ၇ ရက်က အစ္စရေးနိုင်ငံတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်စဉ် ဓားစာခံ ၂၄၀ ဦးဖမ်းဆီးသွားသည့်အနက် လေးရက်ကြာအပစ်အခတ်ရပ်စဲရေးကာလပြီးဆုံးချိန်တွင် ၁၇၅ ဦး ဆက်လက်ဖမ်းဆီးထားဆဲဟု ခန့်မှန်းရသည်။

Ref—-CNN

Leave a Reply

Your email address will not be published. Required fields are marked *

Related News