MT News

၂၆. ၁၁. ၂၀၂၃

အင်ဒိုနီးရှားအစိုးရ ဦးဆောင်မှုနဲ့ အာဆီယံအထူးသံတမန်ရုံးက မြန်မာနိုင်ငံက သက်ဆိုင်သူ (Stakeholders) တွေနဲ့ ထိတွေ့ဆက်ဆံပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်တာဟာ NUG နဲ့ မသက်ဆိုင်ဘူးလို့ ထုတ်ပြန်လာပါတယ်။

နိုဝင်ဘာ ၂၀ ကနေ ၂၂ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ အင်ဒိုနီးရှားအစိုးရ ဦးဆောင်မှုနဲ့ အာဆီယံအထူးသံတမန်ရုံးက ဒီမိုကရေစီလိုလားသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ SAC အစိုးရမပါဝင်ပေမဲ့ ကြားခံဆက်သွယ်နိုင်သူတချို့နဲ့ ဆွေးနွေးအပြီး မကြာမီမှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်လာဖို့ အပြုသဘောဆောင်တဲ့ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး NUG ကတော့ ဒါက သူနဲ့မဆိုင်ဘူးလို့ပြောလာတာပါ။

NUG ဟာ အာဆီယံနဲ့ပဲ သီးသန့်တွေ့ဆုံ ဆွေးနွေးဆက်ဆံနေပြီး SAC ရဲ့ ကိုယ်စားလှယ်တွေနဲ့ မတွေ့ဘူးဆိုတာ၊ အာဆီယံက မူငါးချက်အကောင်အထည်ဖော်နေပေမဲ့ တွေ့ဆုံဆွေးနွေးမှုတိုက်တွန်းလာချိန်တိုင်း “ စစ်အာဏာ ရှင်စနစ် အမြစ်ဖြုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အာမခံချက်မရှိဘဲ၊ ပြည်သူ့သဘောထားကို အခြေမခံဘဲ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ မဟာမိတ်များ၏ သဘောထားဆန္ဒမပါဘဲ၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအား အပြည့်အဝ ကျင့်သုံးနိုင်မည့် အခြေအနေအပေါ် အာမခံချက်မရှိဘဲ မည်သည့်ဆွေးနွေးမှုကိုမျှ ပြုလုပ်ရန် အလျဉ်းမရှိပါ ”ဘူးလို့ NUG က သဘောထားမှတ်ချက်ပေးထားတယ်လို့လည်း သူတို့ရဲ့ငြင်းဆိုစာမှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *