၂၅. ၁၁. ၂၀၂၃

Written by Nay Aung

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပဋိပက္ခဖြစ်ပွားနေသည့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် နေထိုင်နေသော တရုတ်နိုင်ငံသားများအနေဖြင့် ဘေးလွတ်ရာကိုချက်ချင်းပြောင်းရွှေ့ရန် တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။ တရုတ်စစ်တပ်သည် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် စစ်ရေးလေ့ကျင့်ခန်းများကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် စတင်ခဲ့ပြီးနောက် တရုတ်သံရုံးက ယင်းကဲ့သို့ တိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးနောက် တရုတ်နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရမှုကို ခြိမ်းခြောက်မှုများရှိလာခြင်းအပါအဝင် တရုတ်နိုင်ငံသားများ အန္တရာယ်ဖြစ်လာနိုင်ဖွယ်ရှိသောအခြေ အနေများကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းရန် တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှတစ်ဆင့် တရုတ်နိုင်ငံသားများ ဘေးကင်းလုံခြုံမှုများရှိစေရန် လိုအပ်သောအစီအမံများ၊ စီစဉ်ညွှန်ကြားပေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

တရုတ်နိုင်ငံသားများအနေဖြင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့်နေရာများမှ အမြန်ဆုံးထွက်ခွာရန်၊ လက်နက်ကိုင်ပဋိပက္ခများတွင် ၎င်းတို့၏ထိတွေ့မှုများကိုလျှော့ချရန် တရုတ်သံရုံးက တိုက်တွန်းတောင်းဆိုထားသည်။ မြန်မာနိုင်ငံမြောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများထပ်မံဖြစ်လာခြင်းသည် မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကို အခက်အခဲအရှုပ်အထွေးများ ထပ်မံဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့်ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းများက အနီးကပ်စောင့်ကြည့်နေကာ မြန်မာနိုင်ငံ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး ပြန်လည်ရရှိစေရေးနှင့် လက်နက် ကိုင်ပဋိပက္ခများနှင့်ပတ်သက်ပြီး လျှင်မြန်စွာအဖြေရှာနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော တအာင်းလက်နက်ကိုင်အဖွဲ့၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့များသည် ပြီးခဲ့သော အောက်တိုဘာ ၂၇ ရက်နေ့တွင် မြန်မာ့တပ်မတော်စခန်းများကို စတင်တိုက်ခိုက်ခဲ့ရာမှ မြန်မာနိုင်ငံရှိနေရာအများအပြားတွင် တိုက်ပွဲအရှိန်မြင့်တက်လာခဲ့ကြောင်း သိရသည်။

Ref;/BNN Breaking

Leave a Reply

Your email address will not be published. Required fields are marked *