၁၉. ၁၁. ၂၀၂၃

Written by Nay Aung

တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်နယ် လောက်ကိုင်မြို့တွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၂၀၀ ဦးအနက်မှ ၄၁ ဦးသည် နိုဝင်ဘာ ၁၈ ရက်တွင် ထိုင်းနိုင်ငံသို့ ဘေးကင်းစွာဖြင့် ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထိုင်းနယ်စပ်ဒေသမှ ကီလိုမီတာ ၁၆၀ ကွာဝေးသည့် ရှမ်းပြည်နယ် ကျိုင်းတုံ့မြို့ကို ရောက်ရှိလာသည့် အဆိုပါထိုင်းနိုင်ငံသား ၄၁ ဦးသည် မြန်မာအစိုးရ စီစဉ်ပေးသော ဘက်စ်ကားဖြင့် ထိုင်း-မြန်မာ အမှတ် (၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းစစ်တပ်က ဘတ်စ်ကားများဖြင့် ပြန်လည်ခေါ်ယူခဲ့ကြောင်း ထိုင်းအခြေစိုက် The Nation သတင်းတွင်ဖော်ပြထားသည်။

This image has an empty alt attribute; its file name is 402934265_122137082708030934_3968799509702296272_n.jpg

ထိုင်းအာဏာပိုင်များသည် အဆိုပါ ထိုင်းနိုင်ငံသား ၄၁ ဦး ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် ကျန်းမာရေးစစ်ဆေးမှုများ ကနဦးလုပ်ဆောင်ခဲ့သလို ထိုင်းရဲတပ်ဖွဲ့ နှင့် အခြားတာဝန်ရှိသူများက လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံကို ပြန်လာရောက်ရှိခဲ့သော ထိုင်းနိုင်ငံသား ၄၁ ဦးထဲတွင် သုံးဦးက ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ခံထားရသူများဖြစ်ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့သည် ဖမ်းဝရမ်းထုတ်ခံရသူသုံးဦးကို တစ်ဦးချင်းစီ မျက်နှာအမှတ်အသား အချက်အလက်စစ်ဆေးမှုအပါအဝင် ဖမ်းဝရမ်းထုတ်ခံရမှုနှင့်ပတ်သက်ပြီး ဥပဒေအတိုင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ ထိုင်းလူဝင်မှုကြီး ကြပ်ရေးအဖွဲ့များသည် အခြား ထိုင်းနိုင်ငံသား ၃၈ ဦးကို မိသားစုဆွေမျိုးများဆီ ပြန်မပို့ခင် အခြားလိုအပ်သောစစ်ဆေးမှုများကို ထပ်မံလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Ref;Thenation

Leave a Reply

Your email address will not be published. Required fields are marked *

Related News