MT News

၁၉. ၁၁. ၂၀၂၃

ရွှေကျင်နိကာယဥပဥက္ကဋ္ဌမဟာနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်သြဝါဒါစရိယ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် မဟာနာယက ကျေးဇူးတော်ရှင် ဝိသုဒ္ဓါရုံ စည်ရှင်ဆရာ တော်ကြီးသည်(သက်တော်-၈၅၊ ဝါတော် -၆၆) ၁၃၈၅-ခု တန်ဆောင်မုန်းလဆန်း ၇ ရက် (၁၉-၁၁-၂၀၂၃) တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၃၃ မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်တွင် အန္တိမအဂ္ဂိစျာပနကျင်းပမည်ဖြစ်ကြောင်း သိရသည်။

စည်ရှင်ဆရာတော်ကြီး၏ ဈာပနအစည်းအဝေး (ပထမနေ့) ဆုံးဖြတ်ချက်များအရ တန်ဆောင်မုန်းလဆန်း ၁၁ ရက် (၂၃-၁၁-၂၃)နေ့ ၌ အန္တိမအဂ္ဂိဈာပနပူဇာ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

ထိုနေ့မတိုင်မီ တန်ဆောင်မုန်းလဆန်း ၉ ရက် (၂၁-၁၁-၂၃) ညတွင် ဓမ္မသဘင်ကျင်းပမည်ဖြစ်ပြီး ဓမ္မကထိက ဆရာတော်အဖြစ် တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ယောဆရာတော်ကြီးအား ပင့်လျှောက်ရန်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် (၂၂-၁၁-၂၃)နေ့ညအတွက် ဓမ္မသဘင် ဓမ္မကထိက ဆရာတော်အဖြစ် ပါမောက္ခချုပ် ဆရာတော်ကြီးအား တရားပွဲ ပင့်လျှောက်ရန်၊ ရေစက်ချသံဝေဂတရား ချီးမြှင့်ပေးပါရန် သီတဂူဆရာတော်ကြီးအား ပင့်လျှောက်ရန်၊ ဆရာတော်ကြီး၏ဆန္ဒအရ သံဃာတော်များနှင့် သီလရှင်များအထံမှ လှူဒါန်းမှုများကို လက်မခံရန်၊ အန္တိမအဂ္ဂိဈာပနပူဇာကို ၃၉-လမ်းနှင့် လမ်း ၄၀-ကြား ကမ်းနားလမ်းရှိ ဧရာဦးဆိပ်ကမ်း ဈာပနကွင်း၌ ကျင်းပရန် စီစဥ်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *